ပဲပြားကို အဖြူထည်ကြော်စားရင် အရသာရှိပေမယ့် ငရုတ်သီးနဲ့ စပ်စပ်လေးချက်စားမယ်ဆိုရင် စားချင်စဖွယ်အရောင်လေး ရရှိမယ့်အပြင် အရသာလည်း ပိုမိုကောင်းမွန်တာကို မြည်းစမ်းကြည့်လို့ရမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၂၅၀ ဂရမ်
  • ဆီအနည်းငယ်

ငရုတ်သီးဆော့ ပြုလုပ်ရန်

  • ခရမ်းချဉ်သီးဆော့ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၁ ဇွန်းမှ ၁ ဇွန်းခွဲ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်
  • ပျားရည် စားပွဲတင်ဇွန်း တစ်ဝက်

  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နှမ်း အနည်းငယ် (မထည့်လည်းရပါတယ်)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ခရမ်းချဉ်သီးဆော့၊ ငရုတ်နှစ်၊ ပဲငံပြာရည်၊ ပျားရည်၊ နှမ်းဆီ၊ ကြက်သွန်မြိတ်တို့ကို ပေါင်းထည့်ပြီးနောက် သမအောင် ရောမွှေပေးလိုက်ပါ။

ပဲပြားကို စတုရန်းပုံအတုံးငယ်များတုံးထားပြီးနောက် အရည်ခြောက်သွားအောင် အဝတ်စသန့်သန့်လေးနဲ့ သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး အလယ်အလတ်မီးအပူချိန်ဖြင့် ကြော်ပေးလိုက်ပါ။ တစ်ဖက်စီးကို ၂ မိနစ်၊ ၃ မိနစ်ခန့်ကြော်ပေးရပါမယ်။ ပဲပြားများ ရွှေညိုရောင် သမ်းသွားမှ ပန်းကန်ပြားထဲ ထည့်လိုက်ပါ။

စောစောက နယ်ထားသော ငရုတ်သီးဆော့ကို ဒယ်အိုးထဲထည့်ပြီး မီးအရှိန်နည်းနည်းလေးနဲ့ ၅ စက္ကန့်၊ ၁၀ စက္ကန့်ခန့် မွှေပေးလိုက်ပါ။ ပြီးမှ ပဲပြားကြော်များထည့်ပြီး ဆော့စ်များ ပဲပြားအနှံ့ကပ်သွားအောင် မွှေပေးလိုက်ပါ။ နှမ်းစေ့နဲ့ ကြက်သွန်မြိတ်တို့ ဖြူးပြီး ထပ်မွှေပေးလိုက်ပါ။

ရရှိလာတဲ့ ပဲပြားအစပ်ချက်ကို ပန်းကန်ထဲထည့်ပြီး ထမင်းနဲ့ ပူပူနွေးနွေး အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: mykoreankitchen.com