အားလုံးပဲ မင်္ဂလာပါ၊ အမဲသားဟင်းလျာကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ်အမဲသားပြင်ဆင်ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ အမဲသားဟင်းလျာကို ကိုရီးယားကင်ချီနဲ့ တို့စားလိုက်မယ်ဆိုရင် ကိုရီးယားနိုင်ငံရောက်သွားသလိုတောင် ခံစားရမှာပါ။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင် ခွဲခန့်
  • တရုတ်သစ်တော်သီး ၁ လုံး (သို့) ကိုရီးယားသစ်တော်သီး တစ်ခြမ်း
  • ကြက်သွန်နီ တစ်ခြမ်း
  • ကြက်သွန်ဖြူ ၄ မွှာ
  • ချင်းအနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း ခွဲခန့်
  • သကြားအညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမုန့် အနည်းငယ်
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • မုန်လာဥနီ တစ်လုံး
  • ဆီ စားပွဲတင်ဇွန်း ၆ ဇွန်း တို့ လိုအပ်ပါမယ်။

ပြုလုပ်နည်း အဆင့်ဆင့်

အမဲသားတွေကို လှီးထားပြီး ဇောက်နက်တဲ့ ပန်းကန်ပြားထဲ ထည့်ထားပါ။

ဟင်းခတ်အမွှေးအကြိုင်အနှစ်ပြုလုပ်ရန်အတွက် သစ်တော်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ပဲငံပြာရည်၊ သကြားအညို၊ ငရုတ်ကောင်းမုန့်နဲ့ နှမ်းဆီတို့ကို ကြိတ်စက်ထဲထည့်ပြီး ရောမွှေပေးလိုက်ပါ။ ရလာတဲ့အနှစ်တွေကို အမဲသားပေါ် လောင်းထည့်လိုက်ပါ။

ပါးပါးလှီးထားတဲ့ မုန်လာဥနီပါ အမဲသားပန်းကန်ထဲ ထပ်ထည့်ပြီး သမအောင် နယ်လိုက်ပါ။ ဟင်းအနှစ်များ အသားထဲထိ စိမ့်ဝင်သွားအောင်လို့ တစ်နာရီခန့် စိမ်ထားပါ (တစ်ညလောက် သိပ်ထားရင်တော့ အရသာပိုမိုကောင်းမွန်ပါလိမ့်မယ်)

ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီပူအောင် ပြုလုပ်ကာ အမဲသားကို ကြော်ပေးလိုက်ပါ။ အမဲသားမတူးဖို့ရင်အတွက် ဟိုဘက် ဒီဘက် မကြာခဏလှန်ပေးပါ။ တစ်ခါလှန်ရင် ၂ မိနစ်လောက် စောင့်ပေးပြီး ၃ ကြိမ် တိတိလှန်ပေးပါ။

အမဲသားလှန်တဲ့ အကြိမ်ရေပြည့်သွားပြီဆိုရင်တော့ ဟင်းပန်းကန်သပ်သပ်ထဲ ဖယ်ထားလို့လည်းရသလို ပူပူနွေးနွေးလေး သုံးဆောင်ချင်တယ်ဆိုရင်တော့ မိမိသုံးဆောင်မယ့် ထမင်းပန်းကန်ပေါ်မှာ တစ်ခါတည်း ထည့်လိုက်လို့လည်းရပါတယ်။

အဲ့ဒီနောက်မှာတော့ ကိုရီးယားစတိုင်လ်အမဲသားဟင်းလျာကို ကင်ချီ၊ ငရုတ်သီး၊ ကြက်သွန်ဖြူ ငရုတ်နှစ်တို့နဲ့ မြိန်ယှက်စွာသုံးဆောင်နိုင်ပါပြီ။

Source: Thewoksoflife.com