အားလုံးပဲမင်္ဂလာပါနော်။ ကိုရီးယားပဲခေါက်ဆွဲ ပြုလုပ်နည်းကို ဒီတခါ ထပ်ပြီးမျှဝေပေးချင်ပါတယ်။
ကိုရီးယားဇာတ်လမ်းတွဲတွေမှာ၊ ဇာတ်ကားတွေမှာလည်း မကြာခဏ မြင်တွေ့ရပြီး ကိုရီးယားလူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးကြတဲ့ ပဲခေါက်ဆွဲက မြန်မာနိုင်ငံမှာလည်း နာမည်ကျော် လူကြိုက်များပါတယ်နော်။
ပါဝင်ပစ္စည်း
- ကိုးရီးယား ပဲအနှစ်
- ဝက်သား (သို့) ကြက်သား အနည်းငယ်
- မုန်လာဥဖြူ အနည်းငယ် (ကြိုက်ရင်ထည့်ပါ)
- ကြက်သွန်နီ အတုံးသေးသေးလေးတွေလှီးပါ
- ဖရုံသခွားသီး အနည်းငယ် (အတုံးလေးတွေလှီးပါ)
- အာလူး အနည်းငယ် (အတုံးလေးတွေလှီးပါ)
- ရေ ၃ ခွဲ
- ခေါက်ဆွဲ
- ဆီ၊ ဆားအနည်းငယ်
- သခွားသီး အနည်းငယ် (အတုံးလေးတွေလှီးပါ)
အရင်ဆုံး ဆီကိုအပူပေးလိုက်ပါ။ ဝက်သားအရင်ထည့်ကြော်ပါ။
အသားရရင်တော့ ကြက်သွန်နီ၊ အာလူးနဲ့ ဖရုံသခွားသီး၊ မုန်လာဥဖြူ တို့ထည့်လိုက်ပြီး သေချာထပ်ကြော်ပေးပါ။
ပြီးရင်တော့ ပဲအနှစ်ကို ထည့်လိုက်ပြီး ရေ ၂ ခွက်လောက်ထည့်ကာ ပွက်ပွက်ဆူအောင်သည်လိုက်ပါ။
ပြီးရင်တော့ ခေါက်ဆွဲခြောက်ကို ပြုတ်လိုက်ပြီး ရပြီဆိုရင် ရေဆစ်လိုက်ပါ။ ပြီးရင်တော့ ပဲအနှစ်၊ ခေါက်ဆွဲ၊ သခွားသီးနဲ့ ဆီနည်းနည်း၊ ဆားနည်းနည်းထည့်လိုက်ပြီး မွှေပေးကာ သုံးဆောင်နိုင်ပါပြီနော်။
Source: www.theworkoflife.com
By: MyFood Myanmar