ဖက်ထုပ်စွပ်ပြုတ် ပြုလုပ်နည်းနှင့် ပါဝင်ပစ္စည်းများ – ဖက်ထုပ် ၊ ဟင်းရည်ပြုလုပ်ရန် ငါးပါနီ၊ ဒါရှီမာ ခေါ် ပင်လယ်ရေညှိပြား ၊ မုန်လာဥနီ၊ ကြက်သွန်နီ ၊ ကြက်ဥ ၊ ကြက်သွန်မိတ်၊ ပဲငံပြာရည် ၊ ဆား၊ ကြက်သွန်နီတောက်တောက်စင်း
အရင်ဦးဆုံး အိုးထဲတွင် ရေကို လုံလုံလောက်လောက် ထည့်ပြီးနောက် ဟင်းရည်ချက်ရန် အတွက် ပြင်ဆင်ထားသော ငါးပါးနီနှင့် ပင်လယ် ရေညှိပြား (ဒါရှီမာ)၊ ကြက်သွန်နီတို့ကို ထည့်ပြီး ဟင်းရည်ချက်ပါ။
ဟင်းရည်ပွက်ပွက်ဆူလာပါက ပဲငံပြာရည်ကို ဇွန်း ၂ဇွန်းစာ ထည့်ပေးပါ။ ထို့နောက် ၅မိနစ်ကြာ ပြုတ်ပြီးနောက် ငါးပါးနီနှင့် ပင်လယ်ရေညှိ(ဒါရှီမာ)၊ ကြက်သွန်နီတို့ကို အဖတ် ဆယ်ပေးပါ။
အဖတ်များ အားလုံး ဆယ်ပြီးနောက် မုန်လာဥနီ ၊ ကြက်သွန်နီ အသစ်ကို ထည့်ပြီး ပြုတ်ပေးပါ။
နောက်ဆုံးတွင် ကြက်သွန်ဖြူ တောက်တောက်ဆင်းကို ထည့်ပေးပါ။
ထို့နောက် ဖက်ထုပ်ကို ထည့်ပြီး ပွက်ပွက်ဆူအောင် ပြုတ်ပေးပါ။
ကြက်ဥ ၂လုံးကို အသင့် ဖောက်ပြီး မွှေထားပေးပါ။
ပွက်ပွက်ဆူနေသော ဖက်ထုတ်စွပ်ပြုတ်ရည်ထဲတွင် မွှေထားသော ကြက်ဥကို ထည့်ပြီး မွှေပေးပါ။
ဖက်ထုပ်စွပ်ပြုတ် ပေါ်တွင် နောက်ဆုံး အနေဖြင့် ကြက်သွန်မိတ်ကို တင်ပေးပြီးနောက် ကောင်းကောင်းကျက်ပြီ ဆိုပါက ဖက်ထုတ် စွပ်ပြုတ် (မန်းဒူဂု) အဆင်သင့် ဖြစ်ပါပြီ။