အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အမဲနံရိုးလေး စားချင်တဲ့သူတွေအတွက် ရိုးရှင်းလွယ်ကူတဲ့ အမဲနံရိုးနှပ် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • အမဲနံရိုး ၃ ပေါင်
  • ကြက်သွန်နီ တစ်ခြမ်း
  • ဂျင်း ၃ ပြားခန့်
  • ကြက်သွန်ဖြူ ၅ မွှာ
  • ကြက်သွန်မြိတ် ၃ ပင်

အနှစ်လုပ်ရန်

  • ပဲငံပြာရည်ခွက်တစ်ဝက်
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဝိုင် ခွက် ၁/၄ ပုံ
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • သစ်တော်သီးအသေး တစ်ခြမ်း (တောက်တောက်စဉ်းပါ)
  • ကြက်သွန်နီ တစ်ခြမ်း တောက်တောက်စဉ်းပါ
  • ကြက်သွန်ဖြူ အနည်းငယ် တောက်တောက်စဉ်းပါ
  • ဂျင်းတောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

  • ဆား အနည်းငယ်
  • အသီးအရွက်ထည့်ရန်
  • မုန်လာဥဖြူ အနည်းငယ်
  • မှိုအနည်းငယ်
  • မုန်လာဥနီအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး အမဲသားကို အဆီတွေဖယ်လိုက်ပြီး ရေသေချာဆေးလိုက်ပါ။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ မိနစ် ၃၀ လောက်စိမ်လိုက်ပြီး ရေဆစ်လိုက်ပါ။ အဲဒီနောက် အိုးတစ်လုံးထဲထည့်ပြီး ရေ ၄ ခွက်ခန့်ထည့်လိုက်ပါ။ ပြီးရင် အမဲနံရိုး၊ ကြက်သွန်နီ၊ ၊ ကြက်သွန်ဖြူ နဲ့ ကြက်သွန်မြိတ် အရင်းပိုင်းကိုထည့်လိုက်ပါ။

ပြီးရင် မိနစ် ၃၀ လောက်ပြုတ်လိုက်ပါ။ အမဲသားတွေကိုဆယ်ထားလိုက်ပါ။

အသီးအရွက်တွေကိုလည်း ဆယ်ပြီးဖယ်ထားလိုက်ပါ။

အဲဒီနောက် အိုးတစ်လုံးထဲမှာ အနှစ်လုပ်မယ့်ပါဝင်ပစ္စည်းတွေအားလုံးထည့်လိုက်ပြီး အပူပေးလိုက်ကာ အသားထည့်လိုက်ပါ။ မိနစ် ၃၀ လောက်မီးအေးအေးနဲ့ ချက်ပေးပါ။

အသီးအရွက်တွေကိုပြင်ဆင်ထားလိုက်ပါ။

ပြီးရင်တော့ စောစောက ဖယ်ထားတဲ့အမဲပြုတ်ရည်ကိုထည့်လိုက်ပြီး အဖုံးအုပ်ကာ ပွက်အောင်ထားလိုက်ပါ။ ပွက်ပြီဆိုရင်တော့ အသီးအရွက်ထည့်လိုက်ပြီး မိနစ် ၂၀ လောက်ထပ်ပြုတ်ပေးပါ။

ဟင်းရည်လေး ခမ်းသလောက်ရှိပြီး အသားလည်း နူးပြီဆိုရင်တော့ သုံးဆောင်လို့ရပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar