အားလုံးပဲ မင်္ဂလာပါ။ ပဲပြားကို ရိုးရိုးကြော်စားရတာ ငြီးငွေ့နေကြမှာပဲနော်။ ဒါ့ကြောင့် ပူပူစပ်စပ်လေးနဲ့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ပဲပြားနှပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၁၈ အောင်စခန့်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်နှင့် ရေ စားပွဲတင်ဇွန်း ၃ ဇွန်းစီ
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲပြားများကို ထောင့်မှန်စတုဂံပုံစံဖြင့် လက်မဝက်အထူခန့် လှီးဖြတ်ထားပါ။ ထို့နောက် သန့်စင်သော အဝတ်စဖြင့် ရေခြောက်အောင် ဖွဖွလေးသုတ်ထားပါ။ ပဲငံပြာရည်၊ ရေ၊ နှမ်းဆီ၊ သကြား၊ ငရုတ်သီးမှုန့်၊ နှမ်းစေ့၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ထားပြီး သမအောင် မွှေထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပါ။ ပဲပြားများကို အိုးထဲထည့်ကြော်လိုက်ပါ။ တစ်ခြမ်းစီကို ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပေးရပါမယ်။

၃။ ပဲပြားများ ရွှေညိုရောင် သမ်းလာပါက ပန်းကန်လုံးထဲက အချဉ်ရည်များကို ပဲပြားပေါ် ဆမ်းပေးလိုက်ပါ။ မီးအပူချိန်ကို လျော့ချလိုက်ပြီး အခြားတစ်ဖက်လှန်ပေးကာ အချဉ်ရည်များ ထပ်ဆမ်းပေးလိုက်ပါ။

ဒါဆိုရင်တော့ ပူပူစပ်စပ်လေးနဲ့ စားလို့ကောင်းတဲ့ ပဲပြားအစပ်နှပ်လေးကို ထမင်းနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: koreanbapsang.com