အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဝက်သား ကြိုက်နှစ်သက်သူများအတွက် နူးနူးအိအိလေးနဲ့ စားလို့ကောင်းတဲ့ ဝက် မိုးခိုသားကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက် မိုးခိုသား ၁ ပေါင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး အသေးတစ်လုံးထဲတွင် ဂျင်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ငရုတ်သီးမှုန့်၊ နှမ်းဆီနှင့် သကြားတို့ထည့်ကာ သမအောင် ရောမွှေထားပါ။ ထို့နောက် အလုံပိတ် ဇစ်အိတ်ထဲသို့ ဝက်သားတုံးများနှင့် ထိုပဲငံပြာရည်အရောအနှောကို လောင်းထည့်လိုက်ပါ။ အိတ်ကို အလုံပိတ်ပြီး လှုပ်ခါပေးလိုက်ပါ။

ထိုဝက်သားကို မိနစ် ၃၀ (သို့) ၈ နာရီကြာသည်အထိ နှပ်ထားနိုင်ပါတယ်။ အချိန်ကြာကြာနှပ်မယ်ဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်နှပ်ထားရပါမယ်။

၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ဝက်သားပြားများထည့်ကာ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၃ မိနစ်ခန့် ကြော်ပေးရပါမယ်။

ဝက်သားများ အညိုရောင် ပြောင်းသွားပါက ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၃။ ဒယ်အိုးထဲသို့ ကျန်ရှိနေတဲ့ ဟင်းရွက်ဆီများ ထပ်ထည့်ပြီး ကျန်ရှိနေတဲ့ ဝက်သားများကို အထက်ဖော်ပြပါနည်းအတိုင်း ဆက်ကြော်ပေးလိုက်ပါ။ ဝက်သား နှပ်ထားတဲ့ ပဲငံပြာရည်ဆော့စ်များကို ဒီအတိုင်း လွှင့်ပစ်လိုက်ရမှာ နှမြောတယ်ဆိုရင်တော့ ဝက်သားကြော်တဲ့အခါ ထည့်ကြော်နိုင်ပါသေးတယ်။

၄။ အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက် မိုးခိုသားကြော်ဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။ ကြက်သွန်မြိတ် အနည်းငယ် ဖြူးထည့်ကာ ထမင်းနဲ့အတူတူ အရသာရှိရှိ စားသုံးနိုင်ပါတယ်။

Source: Jocooks.com