အစားအသောက်ပြင်ဆင်ချက်ပြုတ်ရတာ ဝါသနာပါတဲ့သူတွေရော၊ အစားအသောက် စားသောက်ရတာ ခုံမင်နှစ်သက်တဲ့သူတွေအတွက်ရော ဒီတစ်ခါမှာ ဖော်ပြပေးချင်တဲ့ ပြင်ဆင်ချက်ပြုတ်နည်းကတော့ ကန်စွန်းဥအချိုကြော် ပြုလုပ်နည်းပဲ ဖြစ်ပါတယ်။

ကန်စွန်းဥပြုတ်စားရတာ ငြီးငွေ့လောက်ပြီဆိုတော့ တမူထူးခြားသွားအောင် ကန်စွန်းဥကြော် လုပ်စားကြရအောင်။

ပါဝင်ပစ္စည်းများ

  • ကန်စွန်းဥ ၅၀၀ ဂရမ်
  • ဆီအနည်းငယ်
  • သကြားအညို စားပွဲတင်ဇွန်း ၃ ဇွန်း
  • နှမ်းစေ့အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ကန်စွန်းဥများကို အခွံခွာပြီး အနေတော်အတော်လေးများတုံးထားပါ။ ထို့နောက် ရေအေးအေးထဲတွင် မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။ မိနစ် ၃၀ ပြည့်ပါက ရေများကို သွန်ပစ်လိုက်ပြီး ကန်စွန်ဥများကို ထပ်မံဆေးကြောပေးရပါမယ်။ ထို့နောက် အဝတ်စသန့်သန့်တစ်ခုဖြင့် ကန်စွန်းဥတုံးများကို ရေခြောက်အောင် သုတ်ပေးလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးထဲတွင် ဆီများများထည့်ကာ ကန်စွန်းဥများကို ၅ မိနစ်မှ ၈ မိနစ်အထိ ကြော်ပေးလိုက်ပါ။ ကြော်ပြီးသော ကန်စွန်းဥများကို ဆီစုပ်စက္ကူပေါ်တွင် ဖယ်ထားလိုက်ပါ။

ထို့နောက် အခြားဒယ်အိုးတစ်လုံးတွင် ဆီအနည်းငယ်ထည့်ပြီး သကြားထည့်ကာ သကြားများပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။ ပြီးမှ ကန်စွန်းဥကြော်များ ထပ်ထည့်ပြီး ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

နောက်ဆုံးမှာတော့ ကိုရီးယားသရေစာမုန့်တစ်မျိုးဖြစ်တဲ့ ကန်စွန်းဥအချိုကြော်လေးကို သုံးဆောင်နိုင်ပါပြီ။ မြေပဲ (သို့) နှမ်းစေ့များဖြူးကာ ထပ်မံအလှဆင်ပေးလို့လည်းရပါတယ်။

Source: mykoreankitchen.com