အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ချိစ်အရသာရော အစပ်အရသာပါ ပါဝင်တဲ့ ထော့ပိုကီပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန်မုန့် အချောင်း ၂၀ ခန့်
  • ချိစ် ၁၀၀ ဂရမ်
  • ကိုရီးယား ငရုတ်နှစ် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် Ketchup စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒန်အိုးထဲသို့ ရေအနည်းငယ်ထည့်ပြီးနောက် ဆန်မုန့်များထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ဆန်မုန့်များ အိုးမကပ်ဖို့ရန်အတွက် မကြာခဏမွှေပေးရပါမယ်။

၂။ ပွက်ပွက်ဆူပါက ရေအေးဖြင့် ပြန်လည်ဆေးကြောပေးလိုက်ပါ။

၃။ ထို့နောက် ဆန်မုန့်များကို တုတ်ချောင်းများဖြင့် ထိုးထားလိုက်ပါ။

၄။ ကိုရီးယား ငရုတ်သီး၊ Ketchup ၊ ပျားရည်နှင့် နှမ်းစေ့တို့ကို ပန်းကန်လုံးတစ်လုံးထဲထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၅။ ရရှိလာတဲ့ ဆော့စ်ကို ဆန်မုန့်ပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ချိစ်အနည်းငယ် ဖြူးပေးလိုက်ပါ။

 

 

၆။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ Oven ထဲထည့်မည့် လင်ဗန်းပေါ်တွင် ခဲဖတ်ကို တင်ထားပြီး ဆန်မုန့်ချောင်းများကို လင်ဗန်းပေါ်တွင် တင်လိုက်ပါ။ ထို့နောက် Oven ထဲတွင် ၁၀ မိနစ်ခန့် ထည့်ထားလိုက်ပါ။

(၁၀) မိနစ်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ချိစ်တော့ပိုကီ အစပ်လေး ရရှိသွားပါပြီ။

Source: Spicetheplate.com