အားလုံးပဲ မင်္ဂလာပါနော်။ ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်ဖို့အတွက် အချိန်အကြာကြီး မပေးနိုင်တဲ့ အလုပ်များသော အိမ်ရှင်မများအတွက် ဒီတစ်ခါမှာတော့ မိနစ် ၂၀ အတွင်း ပြင်ဆင်ချက်ပြုတ်နိုင်တဲ့ ကြက်သားမွှေကြော် ပြင်ဆင်ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၇ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • သကြားညို စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း

  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သား ၁ ပေါင် (အတုံးသေးသေး တုံးထားပါ)
  • ကြက်သွန်မြိတ် ၅ ပင် (၂ လက်မအရှည် လှီးဖြတ်ထားပါ)
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် သကြားညို၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ငရုတ်သီးမှုန့်တို့ထည့်ကာ သမအောင် ရောမွှေထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ ထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ဂျင်းထည့်ကာ နောက်ထပ် ၁ မိနစ်ခန့် မွှေပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ကြက်သား ထည့်ကာ ၃ မိနစ်မှ ၅ မိနစ်ခန့် မွှေကြော်ပါ။

၄။ ထို့နောက် အဆင့် (၁) က ပြုလုပ်ထားသော ဆော့စ်များ လောင်းထည့်ပါ။ ကြက်သွန်မြိတ်များထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။

၅။ မီးဖိုပေါ်က ချခါနီးကျမှ နှမ်းစေ့များ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံပြီး အချိန်တိုအတွင်း ချက်ပြုတ်ပြီးစီးနိုင်တဲ့ ကြက်သားမွှေကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: 30minutesmeals.com