အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိပြီး နူးအိနေတဲ့ ကြက်ခြေထောက်ကင် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဂျင်း အတုံးသေး ၃ တုံး (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီး ၉ တောင့်ခန့်
  • ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်ခြေထောက် ၁ ပေါင်ခန့်
  • နွားနို့ (သို့) ဗော့ကာ (သို့) ဆိုဂျူ စားပွဲတင်ဇွန်း ၈ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ခြေသည်းများကို ဖယ်ရှားပြီးနောက် ထိုကြက်ခြေထောက်များကို ရေဆေးသန့်စင်လိုက်ပါ။ ထို့နောက် အနေတော် အတုံး လှီးဖြတ်ထားပါ။ ထိုကြက်ခြေထောက်များကို ပန်းကန်လုံးအကြီးထဲထည့်ကာ ဆား၊ ဆိုဂျူ (သို့) နွားနို့ (သို့) ဗော့ကာဖြင့် ၁ မိနစ်ခန့် သမအောင် နယ်ထားလိုက်ပါ။

၁၀ မိနစ်မှ မိနစ် ၂၀ ခန့် နှပ်ထားလိုက်ပါ။ ထို့နောက် ရေအေးဖြင့် ၃ ကြိမ်တိုင်တိုင် ဆေးကြောပေးလိုက်ပါ။

၂။ ကြက်ခြေထောက်များ နူးအိသွားဖို့ရန်အတွက် ပေါင်အိုးထဲတွင် တစ်နာရီခန့် ပေါင်းပေးလိုက်ပါ။

၃။ ထိုအချိန်တွင် ဆော့စ်ပြုလုပ်ရန်ပါမယ်။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီး၊ ငရုတ်နှစ်၊ ငရုတ်သီးမှုန့်၊ ပဲငံပြာရည်၊ ခရုဆီ၊ သကြားနှင့် ငရုတ်ကောင်းမှုန့်တို့ကို သမအောင် မွှေထားလိုက်ပါ။

၄။ ပေါင်းအိုးထဲက ကြက်ခြေထောက်များကို ပန်းကန်လုံးထဲထည့်ကာ စောစောက ဆော့စ်ဖြင့် သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် အဖုံးအုပ်ထားကာ ရေခဲသေတ္တာထဲတွင် ၂ နာရီခန့်မှ တစ်ညလုံးအထိ ထည့်ထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်သွားပါက အကင်မီးဖိုပေါ်တွင် ကင်ပေးလို့ရပါပြီ။ အကင်မီးဖို (သို့) ရိုးရိုးမီးဖို (သို့) Oven စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာ မီးဖိုကို အသုံးပြုပြီး ကင်ပေးနိုင်ပါတယ်။ ကြက်ခြေထောက်က ပေါင်းထားပြီးသားဖြစ်တဲ့အတွက်ကြောင့် နူးအိနေတာမို့လို့ ၄ မိနစ်၊ ၅ မိနစ်ခန့် ကင်ပေးရင်ရပါပြီ။

ကင်ပြီးသွားသော ကြက်ခြေထောက်များကို ပန်းကန်ပြားထဲ ပြောင်းထည့်ပြီးနောက် နှမ်းဆီအနည်းငယ်၊ နှမ်းစေ့အနည်းငယ်နှင့် ကြက်သွန်မြိတ်များ ဖြူးထည့်ပြီး အလှဆင်ရင်း အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Seonkyounglongest.com