အားလုံးပဲ မင်္ဂလာပါ။ အစပ်ကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ကြက်သားကြော်ကို အစပ်ကဲထားပြီး အရသာရှိရှိမြည်းစမ်းနိုင်ဖို့အတွက် ကြက်သားစဉ်းကော အစပ်ကြော် ချက်ပြုတ်နည်းကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇါန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇါန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲငံပြာရည်၊ ငရုတ်နှစ်၊ ပျားရည်၊ နှမ်းဆီနှင့် ငရုတ်သီးမှုန့်တို့ကို ပန်းကန်လုံးအသေးတစ်လုံးထဲထည့်ပြီးနောက် သမအောင် မွှေခလောက်ထားလိုက်ပါ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ပြီး ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ကြက်သားများ ကျက်သွားပါက ကြက်သွန်မြိတ်၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး ၁ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ နောက်ဆုံးမှာတော့ အဆင့် (၁) က ပြုလုပ်ထားသော ငရုတ်ဆော့စ်များကို ဒယ်အိုးထဲ လောင်းထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ရှူးရှူးရှဲရှဲနဲ့ အရသာရှိတဲ့ ကြက်သားစဉ်းကောကြော် စပ်စပ်လေး ရရှိသွားပါပြီ။

ဒီ့ထက်ပိုပြီး အရသာရှိရှိ စားချင်တယ်ဆိုရင် ထမင်းပန်ကန်ထဲမှာ ထမင်း ခူးခပ်ထည့်ထားပါ။ ထမင်းပေါ်မှာ နုပ်နုပ်စဉ်းထားတဲ့ သခွားသီးချောင်းလေးတွေ တင်ထားပြီးနောက် ကြက်သားစဉ်းကောကြော်လေးကို အပေါ်ကနေ လောင်းထည့်လိုက်ပါ။

ထိုထမင်းကို သမအောင် နယ်လိုက်မယ်ဆိုရင်တော့ အရသာရှိတဲ့ ကြက်သားစဉ်းကော ထမင်းသုပ်လေးကို မြည်းစမ်းကြည့်နိုင်ပြီပေါ့။

Source : Fifteenspatulas.com