အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အာဟာရပြည့်ဝပြီး အရသာရှိတဲ့ ကိုရီးယား ကြက်စွပ်ပြုတ်ဟင်းရည် ချက်ပြုတ်ပြင်ဆင်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တစ်ကောင်
  • ကြက်သွန်ဖြူ ၁၂ မြွှာ (အခွံခွာထားပါ)
  • ဂျင်းတုံး ၁ တုံး
  • ကြက်သွန်နီ တစ်ခြမ်း
  • ကြက်သွန်မြိတ် ၃ ပင် (ဖြူသော အရင်းပိုင်းကိုသား လှီးဖြတ်ထားပါ)

  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးအကြီးတစ်လုံးထဲသို့ ကြက်ကောင်လုံးကို ထည့်ထားပါ။ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် ရေ ၅ လီတာတို့ထည့်ကာ မီးအပူပြင်းပြင်းဖြင့် ပွက်ပွက်ဆူလာအောင် ပြုတ်လိုက်ပါ။ (ငရုတ်ကောင်းစေ့များ ထည့်ပြုတ်ချင်တယ်ဆိုရင်လည်း ထည့်နိုင်ပါတယ်။)

၂။ ကြက်သားပြုတ်နေစဉ်အတောအတွင်ားမှ ဝေ့ထက်လာသောဆီများကို ခပ်ထုတ်ပေးရပါမယ်။ မိနစ် ၄၀၊ မိနစ် ၅၀ ခန့် ပြုတ်ပြီးတဲ့နောက်မှာတော့ မီးပိတ်လိုက်လို့ရပါပြီ။

၃။ ထို့နောက် ကြက်သားကို အိုးထဲမှ ခပ်ထုတ်လိုက်ပါ။ ကြက်သားအေးသွားပါက ကြက်သားများကို နွှင်ပြီး ကြက်ရိုးကို ဖယ်ထားလိုက်ပါ။

၄။ ကြက်ရိုးများကို အိုးထဲသို့ ပြန်ထည့်ပြီးနောက် မီးအေးအေးဖြင့် မိနစ် ၃၀ ခန့ ထပ်တည်ပေးလိုက်ပါ။ သတ်မှတ်ထားသောအချိန်ပြည့်ပါက မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

၅။ ထို့နောက် စွပ်ပြုတ်ပန်းကန်ထဲသို့ နွှင်ထားသော ကြက်သားဖတ်များထည့်ထားလိုက်ပါ။ ထို့နောက် စောစောက ကြက်စွပ်ပြုတ်ရည်နှင့် ကြက်ရိုးအနည်းငယ်ကို စွပ်ပြုတ်ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အာဟာရပြည့်ဝပြီး အရသာရှိတဲ့ ကြက်စွပ်ပြုတ်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိတွဲဖက်သုံးဆောင်နိုင်ပါပြီ။

Source: Koreanbapsang.com