ပြည်နယ်တစ်ခု၏ Chicken Stew ချက်နည်းလေးပါ ။  ပြည်နယ်မတူတဲ့ Korea ဆိုရင် ချက်နည်းမသိပါဘူး ။  အခု ကျွန်တော်နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ Koreaတောင် ချက်နည်းမသိပါဘူး ။  ပြည်နယ်တစ်ခု၏ ရိုးရာ အစားအစာ တစ်ခုပါ ။  အရမ်း အရသာ ရှိပြီး Special Menu တစ်ခုပါ ။

ပါဝင်ပစ္စည်းများ

  • ကြက်သား-Chicken – (700 g)
  • ရေ-Water – 2000 ml
  • ပဲငံပြာရည်အကြည်-Soy sauces – 90 ml
  • ပဲငံပြာရည်အပြစ်-Dark Sauce – a little
  • Sugar – 2/3 (250 ml spoons)
  • သကြားရည်-Water Sugar – 2/3 (250 ml Spoons)
  • ကိုးရီးယား ပဲကြာဇံ-Korea Glass Noodle – a little
  • ငရုတ်သီးခြောက် -Dry Chili – a little
  • ကြက်သွန်မိတ်-Spring Onions – a little
  • အာလူး-Potato – 2 pcs
  • ဥနီ-Carrots – 1 pcs
  • ကြက်သွန်နီ-Onions – 1 pcs
  • ကြက်သွန်ဖြူ-Garlic – a little
  • ငရုတ်ကောင်းမှုန့်အနက်-Black Pepper – a little

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဦးစွာ ဒယ်အိုးထဲသို့ရေ 2000 ml ထည့်ပါ။ တာလီပါသော ပီဂျားဖြင့်ချိန်ပြီး ထည့်လို့ရပါသည်။ ရေဆူလာလျှင် ကြက်တစ်ကောင်းအား ခုတ်ပြီးထည့်ပါ ။
  2. ထို့နောက် အာလူးနှင့် မုန်လာဥနီ တို့အား ကြက်သားနှင့် အရွယ်တူများ တုံးပြီး ထည့်ပါ။
  3. ထို့နောက် ပဲငံပြာရည်အကြည် ၊ ပဲငံပြာရည်အနောက် ၊ သကြား ၊ သကြားရည် ၊ ငရုပ်သီးခြောက် (မရှိလျှင် ငရုပ်သီး အတောင့် ထည့်သုံး နိုင်သည်။) တို့အားထည့်၍ 20 မိနစ်မှ 25 မိနစ်ခန့် မီးပြင်းပြင်းဖြင့် တည်ထားပေးပါ။
  4. အရည် အနည်းငယ် ခမ်းလာလျှင် ရေစိမ်ထားသော Korean Glass Noodles ထည့်၍မွှေပေးပါ။ ထို့နောက် ကြက်သွန်နီပါးပါး လှီးထားတာ ထည့်ပါ ၊ ကြိတ်ထားသော ကြက်သွန်ဖြူ အနည်းငယ် ထည့်ပါ ။
  5. ထို့နောက် အပေါ်မှ ငရုပ်ကောင်းမှုန့့်နှင့် ကြက်သွန်မြိတ် အနည်းငယ် ဖြူး၍ အသင့် စားသုံးနိုင်ပါသည်။

Credit: ဇွဲသုသု