ပါဝင်ပစ္စည်းများ
- သခွါးသီး – ၆တောင့်
- ဂျင်းအချောင်းလေးတွေ – ၁တက်စာ
- ကြက်သွန်ဖြူ ပါးပါးလှီး – ၇တက်
- Korean Chili Powder – စားပွဲတင်ဇွန်း၂ဇွန်း
- ဆန်ရှာလကာရည် – စားပွဲတင်ဇွန်း၂ဇွန်း
- သကြား – လက်ဖက်စားဇွန်း၂ဇွန်း
- ငံပြာရေ – လက်ဖက်စားဇွန်း၁ဇွန်း
- ကြက်သွန်မြိတ်အချောင်း – ၂ပင်စာ
ပြင်ဆင်ပြုလုပ်နည်း
၁။ သခွါးသီးများကို ရေဆေးပြီး အညှာရှိရာဖက်မှ x ပုံစံလှီးပါ ။ ပြီးပါက ဆားဖြင့်နယ်ပြီး နာရီဝက်ခန့် နှပ်ထားပေးပါ ။
၂။ Chili Paste ငရုပ်သီးအနှစ်ပြု လုပ်ရန် ငရုပ်သီးမှုန့် ၊ သကြား ၊ ငံပြာရေ ၊ ဆန်ရှာလကာရေ တို့ကို ရောပြီးမွှေပေးပါ ။
၃။ ဆားစိမ်ထားသော သခွါးသီးများကို ရေပြန်ဆေးပါ ။ ဇလုံတစ်လုံးထဲ၌ ထည့်ပါ ။ ပြီးပါက အသီးရွက်များ ထည့်ပါ ။ Chili Paste ထပ်ထည့်ပါ ။ ပြီးပါက x ပုံစံလှီးထားသော သခွါးသီးများထဲသို့ အသီးရွက်များနှင့်Chili Pasteများကို ရောနယ်ပေးပါ ။ တစ်ရက်လောက်သိပ်ထားရင်တော့ အင်မတန်စားကောင်းသော သခွါးသီးကင်ချီကို ရရှိမှာ ဖြစ်ပါတယ် ။
Credit: သံယောဇဉ်