အားလုံးပဲမင်္ဂလာပါနော်။ ရုံးပိတ်ရက်တွေမှာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူတူ အသားကင်လေးလုပ်စားကြရင်ဘယ်လိုလဲရှင့်။ အချို၊ အစပ်အရသာနှစ်မျိုးကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
- ကြက်ပေါင်သား (သို့) ကြက်တောင်ပံ
အနှစ်လုပ်ရန် (အစပ်)
- ငရုတ်သီးအနှစ် ခွက် ၁/၃ ပုံ
- အကင်လုပ်တဲ့ ဆော့စ် ခွက် ၁/၃ ပုံ
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ဝိုင်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း
- နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း
- ချင်း (ဂျင်း) တောက်တောက်စဉ်း အနည်းငယ်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
အနှစ်လုပ်ရန် (အချို)
- ပဲငံပြာရည် ခွက် တစ်ဝက်
- ဝိုင်ဖြူ စားပွဲတင်ဇွန်း ၃ ဇွန်း
- သံပယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
- ချင်း(ဂျင်း) လက်ဖက်ရည်ဇွန်း၁ ဇွန်း
- ငရုတ်ကောင်းမှုန့် အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ကြက်သားတွေကို ရေသေချာဆေးလိုက်ပါ။ ပြီးရင်တော့ စောစောကဖော်ပြထားတဲ့ ဆော့စ် အစပ်၊ အချိုနဲ့ တစ်ခုစီ ရောလိုက်ပါ။
ပြီးရင် ၄ နာရီလောက်နှပ်ထားလိုက်ပါ။
ပြီးရင်တော့ အကင်အိုးအပြားမှာ ဆီနည်းနည်းထည့်လိုက်ပြီး ဟိုဖက်ဒီဖက် ကျက်အောင်ကင်ပေးလိုက်ပါ။
ဒါမှမဟုတ် မီးသွေးနဲ့လည်း ကင်လို့ရပါတယ်။
Source: www.koreanbapsang.com
By: MyFood Myanmar