အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကိုရီးယား ညဈေးလမ်းဘေးအစားအစာများမှာ နာမည်ကြီးလူကြိုက်များတဲ့ ကိုရီးယားစတိုင်လ် ကြက်ကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သား ၂ ပေါင် (အတုံးခပ်ကြီးကြီး တုံးထားပါ)
 - ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
 - ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
 - ကြက်သွန်နီ ၁ ဥ (အတုံးကြီးကြီး တုံးထားပါ)
 - ကြော်ရန် ဆီ
 
- ပြောင်းမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
 - မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
 - ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
 - ကြက်ဥ ၁ လုံး
 - ရေခဲရေ စားပွဲတင်ဇွန်း ၈ ဇွန်း
 
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ကြက်သားတုံးများကို ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ဖြင့် သမအောင် နယ်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် ၁ နာရီ၊ ၂ နာရီမှ တစ်ညတာခန့် နှပ်ထားလိုက်ပါ။ ပြီးမှ ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း ဖြူးကာ နယ်ပါ။
၂။ မုန့်နှစ်ပြုလုပ်ရန်အတွက် အခြားပန်းကန်လုံးတစ်လုံးထဲတွင် ပြောင်းမှုန့်၊ ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ ဆား၊ ကြက်ဥနှင့် ရေခဲရေ စားပွဲတင်ဇွန်း ၈ ဇွန်းတို့ထည့်ကာ သမအောင် မွှေခလောက်ပါ။
၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထို့နောက် ကြက်သွန်နီများထည့်ကာ အညိုရောင် ပြောင်းသွားသည်အထိ ကြော်လိုက်ပါ။ ပြီးရင်တော့ ကြက်သွန်နီများကို ဆယ်ယူပေးရပါမယ်။
၄။ ကြက်သားတုံးများကို မုန့်နှစ်ထဲ ထည့်နှစ်လိုက်ပါ။
ထို့နောက် ဆီပူထဲထည့်ကာ ၁၀ မိနစ်ခန့် ကြော်ပါ။
၅။ ကြက်သားတုံးများအားလုံး ကြော်ပြီးတဲ့အခါ ထိုဆီပူထဲတွင်ပင် ဒုတိယအကြိမ် ၁ မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။ ဒါမှ ကြက်သားတုံးက ကြွပ်ကြွပ်ရွရွလေး ဖြစ်နေမှာပါ။
အားလုံးကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ကြက်သားကြော်လေး ရရှိသွားပါပြီ။
Source: Maangchi.com
											
				
									







