အားလုံးပဲ မင်္ဂလာပါ။ ကြက်ကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ ကိုရီးယားစတိုင်လ် ကြော်ထားတဲ့ နှမ်းကပ် ကြက်သားကြော်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၂ ပေါင် (တစ်လက်မပတ်လည်အတုံး လှီးဖြတ်ထားပါ)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်ဥ ၂ လုံး
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၅ ဇွန်း

  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၅ ဇွန်း နှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ၈ျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ်နှင့် နှမ်းစေ့ (အလှဆင်ရန်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးတွင် ဂျုံမှုန့်များ ထည့်ထားပါ။

ဒုတိယပန်းကန်လုံးတွင် ကြက်ဥများကို မွှေခလောက်ထားပါ။

တတိယပန်းကန်လုံးတွင် ပြောင်းမှုန့်များ ထည့်ထားပါ။

၂။ ထို့နောက် ကြက်သားတုံးများကို ဂျုံမှုန့်ဖြင့် ကပ်ပါ။ ကြက်ဥထဲ ထည့်နှစ်ပါ။ ထို့နောက် ပြောင်းမှုန့်ဖြင့် ထပ်ကပ်ပေးလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ငရုတ်နှစ်၊ ရှာလကာရည်၊ သကြားညို၊ ပဲငံပြာရည်နှင့် ဂျင်းတို့ထည့်ကာ သမအောင် ရောမွှေထားပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ ကြက်ကြော်များကို ပန်းကန်ပြားထဲ ထည့်ကာ အအေးခံထားလိုက်ပါ။

၅။ ထို့နောက် အဆင့် (၃) က ပြုလုပ်ထားသော ဆော့စ်များ လောင်းထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် ကြက်သွန်မြိတ်နှင့် နှမ်းစေ့များ ဖြူးထည့်လိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားပြီဆိုရင်တော့ ကိုရီးယားစတိုင်လ် နှမ်းကပ် ကြက်သားကြော်လေး ရရှိသွားပါပြီ။

Source: Spicysouthernkitchen.com