အားလုံးပဲ မင်္ဂလာပါ။ ကြက်ကြော်ကြွပ်ကြွပ်ရွရွလေးကိုမှ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် ကြက်တောင်ပံကြော်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ကြက်တောင်ပံ ၆ တုံး
• ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ငရုတ်နှစ် စားပွဲတင်ဇွန်း ၅ ဇွန်း
• ပြောင်းမှုန့်၊ မုန့်ဖုတ်ဆိုဒါ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
• ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၃ ဇွန်း
• ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံအကြီးတစ်လုံးထဲတွင် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။

ထို့နောက် ကြက်သားတုံးများကို ထိုအမှုန့်များဖြင့် သမအောင် နယ်ဖတ်ပြီးနောက် မိနစ် ၃၀ ခန့် ဒီအတိုင်းထားလိုက်ပါ။

၂။ အခြား ဇလုံအကြီးတစ်လုံးထဲတွင် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပေါင်မုန့်အကြေအစအနည်းငယ်၊ ဂျုံမှုန့်အနည်းငယ်၊ ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဆား စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံထည့်ပြီးနောက် သမအောင် ရောမွှေပေးလိုက်ပါ။

အခြားပန်းကန်လုံးအသေးတစ်လုံးထဲတွင် ရေ ၂၅၀ မီလီလီတာနှင့် ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

ထို့နောက် ပန်းကန်လုံးအသေးထဲက ငရုတ်နှစ်များကို ဇလုံအကြီးထဲသို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ကြက်သားတုံးများကို ငရုတ်နှစ်များနဲ့ ထပ်မံနယ်ဖတ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက ကြက်သားတုံးများကို ၈ မိနစ်၊ ၁၀ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ ကြက်သားကြော်များကို ဆီစုပ်စက္ကူပေါ်တင်ထားလိုက်ပါ။ ဆီအပိုအလျှံများအားလုံး ကုန်စင်သွားပါက မိမိနှစ်သက်ရာအချဉ်ဆော့စ်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါပြီ။

Source: Asianfoodchannel.com