အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ကိုရီးယားချစ်သူများအတွက် ဖော်ပြပေးချင်တာကတော့ ကိုရီးယား ပဲကြာဇံကြော် ချက်နည်းလေးပဲဖြစ်ပါတယ်။ အရသာအလွန်ရှိပြီး ခံတွင်းမြိန်တာကြောင့် အိမ်မှာ မိသားစုဝင်များနှင့်ဖြစ်စေ၊ သူငယ်ချင်းများနှင့်ဖြစ်စေ စုစုဝေးဝေး ချက်ပြုတ်စားသောက်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဥနီ – Carrots
- ကြက်သွန်နီ – Onions
- ရှီတာကီမှို – Shitake Mushrooms
- ဟင်းနုနွယ်ရွက် – Spinach
- ပဲငံပြာရည်အကြည် – Soy Sauce
- သကြား – Sugar
- ပဲငံပြာရည်အပြစ် – Dark Soy Sauce
- အမဲသားမှုန့် – Dasida
- ပဲကြာဇံ – Glass Noodles
- ရေ – Water 4 (250 ml spoons)
ပြင်ဆင်ပြုလုပ်နည်း
- ပထမဆုံး ပဲကြာဇံ ကြော်ဖို့အတွက် ဆော့အရင် လုပ်ပါ့မယ်။ ရေ – Water 4 (250 ml Spoons)၊ ပဲငံပြာရည်အကြည် – Soy Sauce 1 (250 ml Spoons)၊ သကြား – Sugar 1 (250 ml Spoons) ၊ အမဲသားမှုန့် – Dasida 2 (Tablespoons) ၊ ပဲငံပြာရည်အပြစ် – Dark Soy Sauce 1/2 (Tablespoons)၊ အားလုံးတို့အား ဇလုံတစ်ခုထဲတွင်ထည့်၍သမအောင် ရောမွှေထားပါ။
- ပဲကြာဇံ – Glass Noodles ပြုလုပ်နည်း သုံးမျိုးလောက် ရှိပါတယ်။ ဒါကကြော်တဲ့နည်းပါ။(ကျွန်တော့်ရဲ့ ကိုယ်ပိုင် နည်းပါ) ပြုလုပ်ရတာ အရမ်း လွယ်ပါတယ်။
- ပုံတွင်ပါသော Glass Noodles အထုပ်ကို ဖောက်၍ရေထဲတွင် နာရီဝက်စိမ်ထားရပါမယ် Noodles များပျော့သွားလျှင် တစ်ထွာစာလောက် ကက်ကြေးဖြင့်ညှပ်ထားပါ
- ထို့နောက် ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲသို့ သုံးမိနစ်ခန့်ထည့်၍ ဇကာဖြင့်ရေပြန်စစ်ထားပါ။
- ပြုလုပ်ပုံအဆင့်ဆင့် ဒယ်အိုးထဲသို့ဆီအနည်းငယ်(နည်းနည်းလေးသာ)ထည့်၍ ကြက်သွန်ဖြူကိုဆီသတ်ပါ ထို့နောက် ပြုလုပ်ထားသော Glass Noodles Sauce 1 (250 ml) တစ်ဇွန်းထည့်ပါ ဇကာဖြင့်စစ်ထားသော glass noodles ထည့်ပါ ပုံတွင်ပြထားသည့်အတိုင်း ဓားဖြင့်ပါးပါးလှီးထားသော မုန်လာဥနီ,ကြက်သွန်နီ….Spinach(အရွက်)ထည့်ပါ….ရေခြောက်ကာနည်းလျှင် အပေါ်မှ နှမ်းဆီဖြန်းပြီး အနည်းငယ်မွှေ၍ မီးဖိုပေါ်မှချကာသုံးဆောင်နိုင်ပါသည်။
မှတ်ချက်။ ပြုလုပ်ပုံများစွာရှိပါသည် အရွက်များကို တစ်ခုစီ မာဒီနိတ်ပြုလုပ်၍ အသုပ်ပုံစံပြုလုပ်၍လည်း ရပါသည်။ ယခုနည်းက လွယ်ကူမြန်ဆန်စွာကြော်သော ကျွန်တော့်၏ ကိုယ်ပိုင်နည်းဖြစ်ပါသည်။
မှတ်ချက်။ ပြုလုပ်ပုံများစွာရှိပါသည် အရွက်များကို တစ်ခုစီ မာဒီနိတ်ပြုလုပ်၍ အသုပ်ပုံစံပြုလုပ်၍လည်း ရပါသည်။ ယခုနည်းက လွယ်ကူမြန်ဆန်စွာကြော်သော ကျွန်တော့်၏ ကိုယ်ပိုင်နည်းဖြစ်ပါသည်။
Credit: ဇွဲသုသု