အားလုံးပဲ မင်္ဂလာပါ။ ဟော့ပေါ့ချစ်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ဖက်ထုပ်ပြုတ် ကိုရီးယားဟော့ပေါ့ ပြင်ဆင်ချက်ပြုတ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဖက်ထုပ် ၈ ခု
  • ကင်ချီ ၃၀၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ပဲပြား ၃၀၀ ဂရမ် (လက်မဝက်အထူ လှီးဖြတ်ထားပါ)
  • အပ်မှို ၂၀၀ ဂရမ် (အမြစ်ကို လှီးဖြတ်ထားပါ)
  • မိမိကြိုက်နှစ်သက်ရာ အခြားမှိုအမျိုးအစား ၂၀၀ ဂရမ် (အနေတော် လှီးဖြတ်ထားပါ)

  • ကြက်သွန်မြိတ် ၂၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၄၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ဟင်းရွက်ပြုတ်ရည် ၁ လီတာ
  • ငရုတ်သီး ၂ တောင့်

ဟော့ပေါ့ဆော့စ် ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့်နှင့် ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး အိုးအကြီးတစ်လုံးထဲတွင် ကင်ချီနှင့် ကြက်သွန်နီတို့ အရင် ထည့်ထားလိုက်ပါ။ ပြီးမှ ကင်ချီနှင့် ကြက်သွန်နီပေါ်တွင် ပဲပြား၊ အပ်မှို၊ အခြားသော မှို၊ ကြက်သွန်မြိတ်၊ ငရုတ်သီးတောင့်နှင့် ဟင်းရွက်ပြုတ်ရည်တို့ထည့်ပါ။ ပြီးမှ ဖက်ထုပ်ထည့်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ငရုတ်သီးအနှစ်၊ ဆန်ဝိုင်၊ ပဲငံပြာရည်၊ ငါးငံပြာရည်၊ ကြက်သွန်ဖြူ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၃။ ဟင်းရည်က ပွက်ပွက်ဆူလာပြီဆိုရင်တော့ စောစောက ဖျော်ထားသော ဆော့စ်အနှစ်များ လောင်းထည့်လိုက်ပါ။

၄။ တစ်မိနစ်၊ နှစ်မိနစ်ခန့် တည်ထားပြီးတဲ့နောက်မှာတော့ အရသာအပေါ့အငန် မြည်းစမ်းကြည့်လိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဖက်ထုပ်ပြုတ် ကိုရီးယားဟော့ပေါ့စပ်စပ်လေး ရရှိသွားပါပြီ။

Source: Mykoreankitchen.com