အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် အမဲသားသုပ် စပ်စပ်လေး ပြုလုပ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁၅၀ ဂရမ်
  • ကြက်သွန်နီ ၁ ဥ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း (မထည့်လည်း ရပါတယ်)
  • ငရုတ်ကောင်းမှုန့်
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားများကို အချောင်းလိုက် ပါးပါးလှီးထားပါ။ ကြက်သွန်နီကိုလည်း အချောင်းလိုက် ပါးပါးလှီးထားပါ။

၂။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ ကြက်သွန်ဖြူ၊ သကြား၊ ဆန်ဝိုင်နှင့် ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောမွှေထားပါ။ ထို့နောက် အမဲသားများကို ထိုပဲငံပြာရည်အရောအနှောများဖြင့် သမအောင် နယ်ပြီးနောက် ၁၅ မိနစ်၊ မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ရေအေးအေးထည့်ပြီးနောက် ပါးပါးလှီးထားသော ကြက်သွန်မြိတ်များ ထည့်ကာ ၁၅ မိနစ်ခန့် စိမ်ထားပါ။

အခြားပန်းကန်လုံးတစ်လုံးထဲတွင်တော့ ငရုတ်သီးမှုန့်များ၊ ပဲငံပြာရည်၊ သကြား၊ ရှာလကာရည်နှင့် နှမ်းဆီတို့ထည့်ကာ သမအောင် ရောမွှေပါ။ အချိန် ၁၅ မိနစ်ပြည့်ပါက ကြက်သွန်မြိတ်များကို ဖယ်ယူပြီး ရေစင်အောင် ညှစ်ပြီးနောက် ငရုတ်သီးမှုန့်များဖြင့် သမအောင် ရောနယ်လိုက်ပါ။

၄။ ဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် ဆီနည်းငယ်ထည့်ပါ။ ဆီပူလာပါက အမဲသားပြားများ ထည့်ကြော်လိုက်ပါ။ အမဲသားများ မကျက်တကျက်အချိန်မှာ ကြက်သွန်နီများထည့်ကာ သမအောင် မွှေကြော်ပါ။

ကြက်သွန်ဖြူများ ပျော့သွားပြီးနောက် အမဲသားများ ကျက်သွားတဲ့အခါမှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

၅။ ဇလုံအကြီးတစ်လုံးတွင် အမဲသားနှင့် ကြက်သွန်နီရောကြော်၊ အဆင့် (၃) က ပြုလုပ်ထားသော ငရုတ်သီးရည်အရောအနှောများ လောင်းထည့်ကာ သမအောင် နယ်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် အမဲသားသုပ် စပ်စပ်လေးတစ်ပွဲ ရရှိသွားပါပြီ။

Source: Futuredish.com