ကြက်ဥကြော်ကို အရသာရှိရှိ ကြော်စားချင်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် ကင်ချီ ကြက်ဥလိပ် ပြုလုပ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၄ လုံး
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမငန့် အနည်းငယ်
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ

  • ကင်ချီ စားပွဲတင်ဇွန်း ၅ ဇွန်းခန့်
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥများ ဖောက်ထည့်ပြီးနောက် ဆားနှင့် ငရုတ်ကောင်းမှုန့်၊ ရေတို့ထည့်ကာ သမအောင် ရောမွှေပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကင်ချီ၊ သကြား၊ နှမ်းဆီတို့ထည့်ကာ သမအောင် ကြော်လိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၃။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီး ဟင်းရွက်ဆီ အနည်းငယ်ထည့်ပါ။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥ တစ်ဝက်ခန့် လောင်းထည့်ပါ။ ကြက်ဥ မကျက်တကျက်အချိန်မှာ ကြက်ဥ အလယ်တည့်တည့်တွင် ကြော်ထားသော ကင်ချီများကို အရှည်လိုက် ဖြန့်ထည့်ပါ။

၄။ ထို့နောက် ကြက်ဥအစွန်းတစ်ဖက်ကို ကင်ချီအုပ်သွားသည်အထိ လိပ်ပေးလိုက်ပါ။

ထိုမှတဆင့် ကြက်ဥကို ဖြည်းဖြည်းချင်း လိပ်ပေးလိုက်ပါ။

၅။ ပြီးရင်တော့ ကြက်ဥလိပ်ကို ဒယ်အိုးအစွန်းတစ်ဖက်သို့ ပို့ပါ။ ဒယ်အိုးထဲသို့ ဆီအနည်းငယ် ထည့်ပါ။ ကျန်ရှိနေသော ကြက်ဥအရည်များထဲမှာ တစ်ဝက်ခန့်ကို ဒယ်အိုးထဲသို့ လောင်းထည့်ပါ။

ထို့နောက် ကြက်ဥကို တဖြည်းဖြည်းချင် လိပ်ပေးပါ။

၆။ နောက်ဆုံးအဆင့်အနေနဲ့ ကျန်ရှိနေသော ကြက်ဥများအားလုံး လောင်းထည့်ပြီးနောက် ကြက်ဥကြော်ကို ဖြည်းဖြည်းချင်းစီလိပ်ကာ ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးတဲ့နောက်မှာတော့ ကြက်ဥလိပ်ကို အညီအမျှ လှီးဖြတ်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကင်ချီ ကြက်ဥလိပ်လေး ရရှိသွားပါပြီ။

Source: Gildedgingerbread.com