ကိုရီးယားချစ်ပရိတ်သတ်များ အားလုံးပဲမင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်ဆလပ်ရွက်သုပ်လေးကို တင်ဆက်ပေးချင်ပါတယ်။ အသီးအရွက်ကိုမှ ကြိုက်နှစ်သက်သူတွေအတွက် ဒီအသုပ်လေးက စားလို့ခံတွင်းမြိန်မှာပါ။

ပါဝင်ပစ္စည်းများ 

ဆလပ်ရွက် ၊ မုန်လာဥနီ

ဟင်းအနှစ် – ပဲငံပြာရည် ၂ဇွန်း၊ ငရုတ်သီးမှုန့်၂ဇွန်း၊ ဆီးသီးအနှစ်အဆီရည် ၂ဇွန်း၊ ရှာလကာရည် ၁ဇွန်း၊ ကြက်သွန်နီတောက်တောက်စင်း ဇွန်းတဝက်၊ နှမ်းဆီမွှေး ၁ဇွန်း၊ နှမ်း အနည်းငယ်

1

ဟင်းသီးဟင်းရွက် ပါဝင်ပစ္စည်းများ ဖြစ်တဲ့ ဆလပ်ရွက်နှင့် မုန်လာဥနီကို အသင့် ပြင်ထားပါ။

3

ပဲငံပြာရည် ၂ဇွန်း၊ ငရုတ်သီးမှုန့် ၂ဇွန်း၊ ဆီးသီးအနှစ်အဆီရည် ၂ဇွန်း၊ ရှာလကာရည် ၁ဇွန်း၊ ကြက်သွန်နီတောက်တောက်စင်း ဇွန်းတဝက်၊ နှမ်းဆီမွှေး ၁ဇွန်း၊ နှမ်း အနည်းငယ်ကို ထည့်ပြီး ဟင်းအနှစ်ကို ပြင်ပေးပါ။

4

ဆလပ်ရွက်နှင့် မုန်လာဥနီကို ကောင်းကောင်းလှီးပေးပြီးနောက် ပန်းကန်လုံးထဲတွင်ထည့်ပေးပါ။

5

အသင့်ပြင်ထားသည့် ဟင်းအနှစ်ကို သေချာ သမအောင် မွှေပြီး ပြင်ဆင်ပေးပါ။

6

ဆလပ်ရွက်နှင့် မုန်လာဥနီတို့ ထည့်ထားသည့် ပန်းကန်ထဲတွင် ဟင်းအနှစ်ကို ထည့်ပေးပါ။

7

ဆလပ်ရွက်၊ မုန်လာဥနီနှင့် အနှစ်များကို သေချာ ရောမွှေပေးပါ။

8

ပန်းကန်ထဲတွင် ထည့်ပေးပြီးပါက အရသာရှိသော ဆလပ်ရွက်သုပ်ကို စားသုံးနိုင်ပြီ ဖြစ်ပါတယ်။