အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ရိုးရှင်းလွယ်ကူတဲ့ ကမာ ကြက်ဥကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။

အရသာလည်းရှိပြီး စားလို့လည်းအဆင်ပြေမယ်။ ဟင်းအဖြစ်ရော၊ ကမာကြိုက်သူတွေအတွက် ဒီအတိုင်းလည်း စားလို့အဆင်ပြေမယ့် ကမာကြက်ဥကြော် မွှေးမွှေးလေးပါနော်။ ဘယ်လိုကြော်မလဲ ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်း

  • ကမာကောင်များ
  • ကြက်ဥ ၁ လုံး နဲ့ ကြက်ဥအနှစ် ၁ လုံး
  • ဝိုင်ဖြူ အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဆားအနည်းငယ်

  • ဆန်မှုန့် (သို့) ပြောင်းဖူးမှုန့် (မိမိနှစ်သက်ရာသုံးနိုင်ပါတယ်။) အနည်းငယ်
  • ကြက်သွန်မြိတ်အနည်းငယ်
  • ငရုတ်သီး အစပ်သီး အနည်းငယ်
  • ဆီအနည်းငယ်

ပြုလုပ်နည်း

ကမာကို ရေသေချာဆေးလိုက်ပါ။

ပြီး၇င်တော့ သန့်ရှင်းတဲ့ အိတ်ထဲကို ကမာနဲ့ ဆန်မှုန့် ထည့်လိုက်ပြီး သေချာနယ်ပေးလိုက်ပါ။

ကြက်ဥ၊ ဝိုင်ဖြူ၊ ငရုတ်ကောင်း၊ ဆား၊ ကြက်သွန်မြိတ်ထည့်ပြီး သေချာ မွှေပေးလိုက်ပါ။ ပြီးရင်တော့ ကမာကို နစ်ပေးလိုက်ပါ။

ပြီးရင်တော့ ဆီကို အပူပေးလိုက်ပါ။ ငရုတ်သီး ပါးပါးလှီးကို အပေါ်က တင်ပေးပြီး ကြော်ပေးပါ။

ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး သုံးဆောင်နိုင်ပါပြီနော်။

Source: www.mykoreankitche.com

By: MyFood Myanmar