အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပင်လယ်စာ ခရုကမာကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရုကမာ ၁၅၀ ဂရမ်
  • ကြက်ဥ ၁ လုံးနှင့် ကြက်ဥအနှစ် ၁ လုံး
  • ဆန်ဝိုင် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ငရုတ်ကောင်းမှုန့်နှင့် ဆား အနည်းငယ်
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးတောင့် အနီတောင့်များ (ပါးပါးလှီးထားပါ)
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရုကမာများကို ရေအေးထဲတွင် ဆေးကြောပြီးနောက် အခွံနှင့် အတွင်းသားထဲတွင် ရောက်နေသော သဲများကို ဖယ်ရှားလိုက်ပါ။

၂။ ဂျုံမှုန့်များကို ပလပ်စတစ်အိတ်ထဲ ထည့်ပါ။ ခရုကမာများကို ထိုအိတ်ထဲ ထည့်ပြီးနောက် အိတ်ကို လှုပ်ခါပေးလိုက်ပါ။

၃။ ပန်းကန်လုံးတစ်လုံးတွင် ကြက်ဥများကို မွှေခလောက်လိုက်ပါ။ ဆန်ဝိုင်၊ ငရုတ်ကောင်းမှုန့်နှင့် ဆားတို့ထည့်ကာ သမအောင် ထပ်မွှေပါ။ ပါးပါးလှီးထားသော ကြက်သွန်မြိတ်ထည့်ပြီး သမအောင် ထပ်မွှေပါ။ ထို့နောက် ဂျုံမှုန့် ကပ်နေသော ခရုကမာများကို ကြက်ဥထဲ ထည့်နျစ်လိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ခရုကများများကို ဇွန်းဖြင့် အသာအယာခပ်ယူပြီး ဆီပူထဲထည့်ကြော်ပါ။ ပါးပါးလှီးထားသော ငရုတ်သီးကို ခရုကမာပေါ်တင်ကာ ၂ မိနစ်ခန့် ကြော်လိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်ခန့် ထပ်ကြော်ပါ။

၅။ ရရှိလာတဲ့ ခရုကမာကြော်လေးကို ပန်းကန်ပြားထဲ ထည့်လိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပင်လယ်စာ ခရုကမာကြော်လေးများ ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါပြီ။

Source: Mykoreankitchen.com