အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားကားတွေကြည့်ရင်းနဲ့ ကိုရီးယားအစားအစာတွေ စားချင်နေမှာပေါ့နော်။ ဒါဆိုရင်တော့ ပြုလုပ်ရလွယ်ကူတဲ့ ကိုရီးယားငါးမုန့်ကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: insideretail.sg

  • ငါး တစ်ပေါင်ခန့် (မိမိကြိုက်နှစ်သက်ရာ ငါးကို အသုံးပြုနိုင်ပါတယ်)
  • ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်ဥ ၂ လုံး နှင့်ဆီအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ငါးကို ရေစင်အောင်ဆေးပြီး ၁ လက်မခွဲအထူခန့် အလွှာလိုက်လှီးဖြတ်ထားပါ။ ထို့နောက် ဆားနှင့် ငရုတ်ကောင်းတို့ဖြင့် ငါးရဲ့အလွှာနှစ်ဖက်စလုံးကို ကပ်ပေးလိုက်ပါ။

ကြက်ဥ ၂ လုံးကို ဆားအနည်းငယ်ထည့်ပြီး မွှေခလောက်ထားပါ။ ဂျုံမှုန့်ကိုလည်း ပန်းကန်လုံးသပ်သပ်ထဲထည့်ထားပါ။ ထို့နောက် ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးထားပါ။

Source: africanbites.com

ငါးအလွှာတစ်ခုချင်းစီကို ဂျုံမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။ ထို့နောက် ကြက်ဥထဲနှစ်ပေးပြီးနောက် ဒယ်အိုးထဲထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့်ကြော်လိုက်ပါ။ အချိန်ပြည့်တဲ့အခါ တစ်ဖက်သို့လှန်လိုက်ပြီ ၁ မိနစ်၊ ၂ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။ ကြော်ပြီးသား ငါးမုန့်များကို ဆီစုပ်စက္ကူပေါ်တင်ထားပြီး ပိုလျှံနေသောဆီများကို ဖယ်ရှားပေးလိုက်ပါ။

ငါးများ အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းတဲ့ ကိုရီးယားအစားအစာတစ်မျိုးဖြစ်တဲ့ ငါးမုန့်ကြော်လေးကို သုံးဆောင်နိုင်ပါပြီ။

Source: thespruceeats.com