အားလုံးပဲ မင်္ဂလာပါ။ နိုင်ငံတကာအစားအစာများကို ကြိုက်နှစ်သက်ကြတဲ့ Foodies လေးများအတွက် ဒီတစ်ခါမှာတော့ လတ်တလောမှာ လူကြိုက်များ ရေပန်းစားနေတဲ့ ကိုရီးယားဟင်းလျာတစ်မျိုးဖြစ်တဲ့ ပဲငံပြာရည် ငုံးဥဟင်းလျာ ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ငုံးဥအငန်ဟင်းလျာ ချက်ပြုတ်ဖို့အတွက် အဓိကပါဝင်ပစ္စည်း သုံးမျိုးသာ လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငုံးဥများ
  • ပဲငံပြာရည်
  • နှမ်းစေ့

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ငုံးဥများကို အိုးတစ်လုံးထဲထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။

၂။ ငုံးဥပြုတ်များကို အအေးခံပြီးတဲ့နောက်မှာ အခွံခွာပေးလိုက်ပါ။ (ငုံးဥတွေက များရင် များသလောက် အခွံခွာရတဲ့အချိန်ကလည်း ကြာတတ်ပါတယ်။ ဒါ့ကြောင့် ငုံးဥခွာရင် မပျင်းရလေအောင် ဇာတ်လမ်းတွဲလေး ကြည့်ရင်း အခွံခွာနိုင်ပါတယ်နော်။)

၃။ ငုံးဥများ အခွံခွာပြီးသွားပါက အိုးတစ်လုံးကို အပူပေးပြီး ငံပြာရည်များကို အိုးတစ်ဝက်ခန့် ထည့်လိုက်ပါ။ ထို့နောက် ငုံးဥများ ထည့်ပါ။ ပွက်ပွက်ဆူလာသည်အထိ တည်ထားပါ။

၄။ ပွက်ပွက်ဆူလာပြီးနောက် မီးဖိုပေါ်က ချခါနီးကျမှ နှမ်းစေ့များ ဖြူးထည့်ကာ သမအောင် မွှေပါ။

ထိုအဆင့်များအားလုံးပြီးသွားပါက ငုံးဥများကို ပန်းကန်ပြားထဲသို့ ဆယ်ထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲငံပြာရည် ငုံးဥဟင်းလျာလေး ရရှိသွားပါပြီ။

ဒီဟင်းလျာလေးကတော့ ကိုရီးယားလူမျိုးများ နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြတဲ့ အရံဟင်းတစ်မျိုးပဲဖြစ်ပါတယ်။

Source: Modernseoul.org