Korean Rice Cake & Dumpling Soup (Duk Guk and Mandu) လေးလုပ်ပြီး သောက်ကြည့်ရအောင်သူငယ်ချင်းတို့  ဒီ. Soup လေးက ကိုရီးယား တွေ နှစ်သစ်ကူးတိုင်း သောက်သုံးလေ့ ရှိကြပါတယ်။  အရမ်းလွယ်ပြီး ရယ်ရီမိတ် (Ready Made) အထုပ်တွေ လိုတာ ဝယ်လို့ ရပါတယ်။

ပါဝင်ပစ္စည်းများ

  • Rice Cake (ရယ်ရီမိတ်အထုပ်ပုံပြထားပါတယ်)
  • Dumpling (ရယ်ရီမိတ်အထုပ် ပုံပြထားပါတယ်)
  • အမဲသား (အနည်းငယ်)
  • ငါးငံပြာရည်
  • ဆား
  • ကြက်သွန်မြိတ်
  • ကြက်သွန်ဖြူ
  • ကြက်ဥ
  • ရေညှိ
  • ငရုပ်ကောင်းမှုန့်

ပြုလုပ်ပုံ

ကြက်ဥနှစ်လုံးကို အလည်က အနှစ်အဝါကြီးပဲ ခွဲထုတ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ထားပါ။ အဖြူရောင် အကာအရည်ကို အခြား ပန်းကန်ထဲ သက်သက်ခွဲ ထားပါ။ အဝါရောင် အနှစ် ၂-ခုကို ဆားအနည်းငယ်မျှ ထည့်ခေါက်ပြီး ဒယ်အိုးကို ဆီ အနည်းငယ်သုတ်၍ အချပ်လိုက် (အဝိုင်းလိုက်) ကြော်ပြီး ပါးပါးလှီးထားပါ။

အမဲသား အသားကြီးပဲကို အသေးလေး တွေလှီးပါ။ ဒယ်အိုးထဲသို့ ရေထည့်ပြီး လှီးထားသော အမဲသားတွေ ထည့်ပြုပ်ပါ။ ကြက်သွန်ဖြူ သုံးမွှာခန့် နုပ်နုပ်စဉ်းပြီး ဟင်းရည်ထဲ ထည့်ပါ။အပေါ်သို့တက်လာသော အဆီနှင့် အညှိများကိုခပ်ထုတ်ပေးပါ၊

စွတ်အရောင်ကို ကြည်နေပါစေ။ အသားနူး လာလျှင် ငါးငံပြာရည်နှင့် ဆား အနည်းငယ် ထည့်ပါ ။ ထို့နောက်.Rice Cake.ကိုအရင်ထည့်ပါ။ ပြီးနောက် Dumpling ကိုထည့်ပါ။ Dumplingက အရမ်းနူးလွယ် သောကြောင့် နောက်မှ ထည့်ခြင်း ဖြစ်ပါသည်။)

ထို့နောက် အရသာမြည်းပြီး သက်သက် ဖယ်ထားသော ကြက်ဥ အကာအရည်များ ထည့်ပြီး ဖြေးညှင်းစွာ မွှေပေးပါ။ ငရုပ်ကောင်းမှုန့် အနည်းငယ်ထည့်ပါ။ မီးကိုအနည်းဆုံးလျှော့ထားပါ။

ပန်းကန်ထဲသို့ Rice Cake & Dumpling စွတ်အရည်ထည့်ပြီး ပါးပါးလှီးထားသော ကြက်ဥအနှစ်ကြော် အဝါရောင်လေးတွေ အပေါ်က တင်ပါ။

ကြက်သွန်မြိတ် အပေါ်မှ ဖြူးပြီး ရေညှိလေးပါ အပေါ်က တင်ပါ။ (ရေညှိထုပ်ရယ် ရီမိတ်ဝယ်လို့ရပါတယ်) အသင့် သောက်သုံးနိုင်ပါသည်။ ကိုရီးယား လူမျိုးတွေ နှစ်သစ်ကူးချိန်တိုင်း ပြုလုပ်၍ သောက်သုံး ကြပါသည်။ မနက်ပိုင်း breakfast အဖြစ်လည်းသောက်သုံးနိုင်ပါသည်။

Credit: ဇွဲသုသု