အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ရိုးရှင်းလွယ်ကူပြီး အရသာရှိတဲ့ ပင်လယ်စာ ကြက်သွန်မြိတ် ပန်ကိတ်ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

လုပ်နည်းသိရင် တကယ်တော့ အလွယ်လေးပါပဲ။

ပါဝင်ပစ္စည်း

  • Tempura ကြော်တဲ့ ဂျူံမှုန့် ခွက်တစ်ဝက်
  • ဆန်မှုန့် ခွက်တစ်ဝက်
  • ရေ အေးအေး ၂ ခွက်
  • ကြက်ဥ အကြီး ၂ လုံး (ခလောက်လိုက်ပါ)
  • ပွဆေးအနည်းငယ်

  • ဆားအနည်းငယ်
  • သကြား
  • ရေဘဝဲကို အကွင်းလေး လှီးလိုက်ပါ (၁ကောင်)
  • ပုဇွန်၊ ကြက်သွန်မြိတ်၊ ငရုတ်သီး အနည်းငယ်
  • ဆီ

ပြုလုပ်နည်း

အရင်ဆုံး Tempura မှုန့်၊ ဆန်မှုန့်၊ ပွဆေးနဲ့ ရေ၊ သကြား၊ ဆားအနည်းငယ်တို့ကို သေချာမွေပေးလိုက်ပါ။

Pan အိုးထဲကို ဆီထည့်ပြီး အပူပေးလိုက်ပါ။ ပြီးရင် ကြက်သွန်မြိတ်၊ ငရုတ်သီး၊ ပုဇွန်၊ ရေဘဝဲတို့ကို ထည့်လိုက်ပြီး အပေါ်ကနေ စောစောကဖျော်ထားတာကိုအပေါ်နေ လောင်းချလိုက်ပါ။

အဲဒီနောက် ကြက်ဥခလောက်ထားတာကို အပေါ်ကနေ ထပ်ပြီး လောင်းချပေးလိုက်ပါ။

တစ်ဖက်က ရပြီဆိုရင် နောက်ထပ်တစ်ဖက်ကို လှန်ပေးလိုက်ပါ။

အဲဒီနောက် တစ်ဖက်တစ်ချက်ဆီကို သေချာကျက်အောင်ကြော်ပေးလိုက်ပါ။

ဒါဆို သုံးဆောင်လို့ရပါပြီနော်။

Source: www.koreankitchen.com

By: MyFood Myanmar