ပြုလုပ်နည်းလေး ပြောပြပါမယ်။ ကိုရီးယားလိုတော့ Ganjang-Gejang လို့ခေါ်ပါတယ် ။
ပါဝင်ပစ္စည်းများ
ဂဏန်း – ၇၀၀ ဂရမ်
ငံပြာရည် (Soy-Sauce) – ၂၄၀ မီလီလီတာ
ငရုပ်သီး(အစိမ်း+နီ) – ၆ တောင့်
ဂျင်း – လက်နှစ်ဆစ်ခန့်
ပန်းသီး – ၁ လုံး
ကိုရီးယားငရုပ်မှုန့် – ၃ ဇွန်း(စားပွဲတင်ဇွန်း)
သကြား – ၂ ဇွန်း(စားပွဲတင်ဇွန်း)
ရေ – ၂၄၀ မီလီလီတာ
ကြက်သွန်ဖြူ ကြိတ်ပြီးသား – ၂ဇွန်း(လက်ဖက်ရည်ဇွန်း)
ပြုလုပ်နည်း
ပထမဆုံး ဂဏန်းများကို သန့်ရှင်းရေး လုပ်ပါ ။ ဝမ်းဗိုက်ကို ခွာပါ ။ အပေါ်ကျောခွံကို ခွာပြီး Gills-လို့ခေါ်တဲ့ ပါးဟတ်များကို ဖယ်ထုတ်ပြီး သန့်ရှင်းရေး လုပ်ကာ ကျောခုံးခွံကို ပြန်အုပ်ထားပါ ။ ခြေချောင်း ထိပ်လေးများကို ကပ်ကြေးနှင့် ညှပ်ပြီး ဖယ်ထုတ်ပြစ်ပါ ။
ဇလုံတစ်ခု ထဲသို့ ငရုပ်သီးအစိမ်း ၊ အနီ ၊ ဂျင်း ၊ပန်းသီး) တို့ကိုခပ်ပါးပါး လှီးပြီ့း ထည့်ပါ ။ ငံပြာရည် (Soy-Sauce) ၂၄၀ မီလီလီတာ ။ ဇွန်းချိန်ဖြင့် ထည့်လျှင် ၁၆ ဇွန်း(စားပွဲတင်ဇွန်း) ထည့်ပါ ။ကိုရီးယား ငရုပ်သီးမှုန့် ထည့်ပါ ။ သကြား ၊ ကြက်သွန်ဖြူ တို့ထည့်ပြီး ရေ- ၂၄၀ မီလီလီတာ ထည့်၍ သမအောင် မွှေပါ ။
ထို့နောက် အဝကျယ် ဖန်ပုလင်း တစ်ခုထဲသို့ ဂဏန်း အနည်းငယ် အရင်ထည့်ကာ အပေါ်မှ ဆော့ရည်လောင်းပါ ။
ပြီးနောက် ဂဏန်း အနည်းငယ် ထပ်ထည့်ကာ အပေါ်မှ ဆော့ရည် လောင်းချပါ ။ ထိုသို့ ပြုလုပ်ပြီး ဆော့ရည်များ အားလုံး လောင်းချကာ ပုလင် အဖုံး ပိတ်ပြီး ရေခဲသေတ္တာထဲသို့ ၂၄-နာရီကြာအောင် ထည့်ထားပါ ။ ၂၄ နာရီပြည့်ပါက ပုံတွင် ပြထားသည့် အတိုင်း ပန်းကန်ပြား တစ်ခုထဲသို့ ထည့်၍ အပေါ်မှ ဆော့ရည်လောင်းကာ အသင့် စားသုံးနိုင်ပါသည် ။ (အဖက်များကိုတော့ ကြိုက်လျှင် စားသုံးနိုင်ပါသည် ။ မကြိုက်ပါက လွှင့်ပြစ်နိုင် ပါသည်။)
***မှတ်ချက် – Korean Soy-Sauce ဆော့ဂဏန်းပြု လုပ်ပါက ဂဏန်း လတ်ဆက်ရန် လိုပါသည် ။ ပြုလုပ်ပြီး ပါက ၃-ရက်ထက် ပိုပြီး ကျော်လွန်သွားပါက စားသုံးရန် မသင့်တော်တော့ပါ။)
Credit : ဇွဲသုသု