အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ခံတွင်းရှင်းစေပြီး ထမင်းစားမြိန်စေတဲ့ ကိုရီးယားစတိုင်လ် သီးစုံ ပဲပုပ်ဟင်းချို ချက်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
- ဝက်သား ၅ ကျပ်သား (အမဲသားလည်းသုံးနိုင်ပါတယ်။)
- တို့ဖူး ၁ တုံး
- ဖရုံသခွားသီး တစ်ခြမ်း
- မုန်လာဥဖြူ အနည်းငယ်
- ကြက်သွန်နီ တစ်ခြမ်း
- ငရုတ်သီးအစိမ်း (သို့) အနီ တစ်တောင့်
- ကြက်သွန်မြိတ် ၁ ပင်
- ပဲပုပ်အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
- ငရုတ်သီးမှုန့် အနည်းငယ်
- ကြက်သွန်ဖြူ တောက်တောက်စဉ်း အနည်းငယ်
- ရေ ၂ ခွက်
- ရှလကာရည် အနည်းငယ်
ပြုလုပ်နည်း
တို့ဖူးနဲ့ ဖရုံသခွားသီးကို လှီးလိုက်ပါ။ မုန်လာဥဖြူကိုလည်းလှီးလိုက်ပါ။ ကြက်သွန်နီနဲ့ ငရုတ်သီးတွေကိုလည်း လှီးလိုက်ပါ။ ပြီးရင် ကြက်သွန်မြိတ်ကိုလှီးပြီး အသားကို ပါးပါးလှီးလိုက်ပါ။
အရင်ဆုံး အိုးကိုအပူလေးပေးပြီး ဆီလေးနည်းနည်းထည့်လိုက်ပါ။ ပြီးရင်တော့ ပဲပုပ်အနှစ်နဲ့ ငရုတ်သီးမှုန့်တို့ထည့်လိုက်ပြီး ၃ မိနစ် ၄ မိနစ်လောက် အပူချိန်အနေတော်လေးနဲ့ တည်ထားပေးပါ။
ရေ ထည့်လိုက်ပြီး မုန်လာဥဖြူထည့်လိုက်ပါ။ အပူချိန်မြင့်လိုက်ပြီး ၄ မိနစ် ၅ မိနစ်လောက်တည်လိုက်ပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဖရုံသခွားသီးနဲ့ ငရုတ်သီးတောင့်တို့ကို ထည့်လိုက်ပါ။ ပြီးရင်တော့ နောက်ထပ် ၅ မိနစ်လောက်တည်ပေးလိုက်ပြီးရင် အရသာမြည်းကြည့်ပြီးဆားလေးနည်းနည်းထည့်လိုက်ပါ။
ပြီးရင်တော့ ကြက်သွန်မြိတ်ထည့်လိုက်ပြီး ခဏလောက်မွှေပေးလိုက်ပါ။ ထမင်းပူပူနဲ့ဆိုရင် ကွက်တိပါပဲ။
Source: www.koreanbapsang.com
By: MyFood Myanmar