အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ခံတွင်းရှင်းစေပြီး ထမင်းစားမြိန်စေတဲ့ ကိုရီးယားစတိုင်လ် သီးစုံ ပဲပုပ်ဟင်းချို ချက်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ဝက်သား ၅ ကျပ်သား (အမဲသားလည်းသုံးနိုင်ပါတယ်။)
  • တို့ဖူး ၁ တုံး
  • ဖရုံသခွားသီး တစ်ခြမ်း
  • မုန်လာဥဖြူ အနည်းငယ်
  • ကြက်သွန်နီ တစ်ခြမ်း

  • ငရုတ်သီးအစိမ်း (သို့) အနီ တစ်တောင့်
  • ကြက်သွန်မြိတ် ၁ ပင်
  • ပဲပုပ်အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် အနည်းငယ်

  • ကြက်သွန်ဖြူ တောက်တောက်စဉ်း အနည်းငယ်
  • ရေ ၂ ခွက်
  • ရှလကာရည် အနည်းငယ်

ပြုလုပ်နည်း

တို့ဖူးနဲ့ ဖရုံသခွားသီးကို လှီးလိုက်ပါ။ မုန်လာဥဖြူကိုလည်းလှီးလိုက်ပါ။ ကြက်သွန်နီနဲ့ ငရုတ်သီးတွေကိုလည်း လှီးလိုက်ပါ။ ပြီးရင် ကြက်သွန်မြိတ်ကိုလှီးပြီး အသားကို ပါးပါးလှီးလိုက်ပါ။

အရင်ဆုံး အိုးကိုအပူလေးပေးပြီး ဆီလေးနည်းနည်းထည့်လိုက်ပါ။ ပြီးရင်တော့ ပဲပုပ်အနှစ်နဲ့ ငရုတ်သီးမှုန့်တို့ထည့်လိုက်ပြီး ၃ မိနစ် ၄ မိနစ်လောက် အပူချိန်အနေတော်လေးနဲ့ တည်ထားပေးပါ။

ရေ ထည့်လိုက်ပြီး မုန်လာဥဖြူထည့်လိုက်ပါ။ အပူချိန်မြင့်လိုက်ပြီး ၄ မိနစ် ၅ မိနစ်လောက်တည်လိုက်ပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဖရုံသခွားသီးနဲ့ ငရုတ်သီးတောင့်တို့ကို ထည့်လိုက်ပါ။ ပြီးရင်တော့ နောက်ထပ် ၅ မိနစ်လောက်တည်ပေးလိုက်ပြီးရင် အရသာမြည်းကြည့်ပြီးဆားလေးနည်းနည်းထည့်လိုက်ပါ။

ပြီးရင်တော့ ကြက်သွန်မြိတ်ထည့်လိုက်ပြီး ခဏလောက်မွှေပေးလိုက်ပါ။ ထမင်းပူပူနဲ့ဆိုရင် ကွက်တိပါပဲ။

Source: www.koreanbapsang.com

By: MyFood Myanmar