အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အမဲစွပ်စပ်စပ်လေး ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင်
  • ရေ ၁ လီတာ
  • ကြက်သွန်မြိတ် ၂ စည်း (၄ ပုံ ၃ ပုံခန့်ကို ၂ လက်မအရှည်ခန့် လှီးဖြတ်ထားပါ)
  • ပဲပင်ပေါက် ၁၁၂ ဂရမ်
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း

  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)

(ကြာဇံထည့်ပြီးတော့လည်း အမဲသား ကြာဇံပြုတ်အနေနဲ့ သုံးဆောင်နိုင်ပါသေးတယ်။)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ရေ ၁ လီတာထည့်ပြီးနောက် အမဲသားထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။

၂။ ဆူပွက်လာပါက မီးအပူချိန်ကို လျော့ချပြီးနောက် မျက်နှာပြင်ပေါ်သို့ ဝေ့တက်လာသော အဆီများကို ဖယ်ရှားလိုက်ပါ။

၃။ အမဲသားကို ပန်းကန်လုံးထဲသို့ ဆယ်ယူထားပြီးရင် မီးပိတ်ထားလိုက်ပါ။

၄။ အမဲသားက အေးသွားပြီဆိုရင်တော့ အသားနွှင်ထားလိုက်ပါ။

၅။ ထို့နောက် ကြက်သွန်မြိတ်နှင့် ပဲပင်ပေါက်တို့ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။

၆။ ပြီးရင်တော့ ကြက်သွန်ဖြူ၊ နှမ်းဆီ၊ ငရုတ်သီးမှုန့်၊ ငရုတ်နှစ်၊ ပဲငံပြာရည်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။

၇။ နောက်တစ်ဆင့်အနေနဲ့ ထိုနယ်ထားသော ဟင်းရွက်နှင့် အမဲသားတို့ကို ဒန်အိုးထဲ ထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၈။ ငါးမိနစ်ခန့်ကြာတဲ့အခါမှာတော့ အရသာအပေါ့အငန်မြည်းကြည့်ပြီး လိုအပ်ပါက ပဲငံပြာရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

၉။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥထည့်ပါ။

၁၀။ ကြာဇံအသုံးပြုပါက ကြာဇံထည့်ကာ မီးပိတ်လိုက်ပါ။

ဒါဆိုရင်တော့ အမဲစွပ်ပြုတ်ပူပူစပ်စပ်လေး ရရှိသွားပါပြီ။ ပန်းကန်လုံးထဲထည့်ကာ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source : Thespruceeats.com