အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဆီ (လုံးဝ) မသုံးဘဲ ကြော်ထားတဲ့ ကိုရီးယားစတိုင်လ် ကြက်သားအစပ် ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။ ဆီမသုံးထားတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဟင်းလျာတစ်ခွက်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၂ ပေါင်
  • ကြက်သွန်နီ ၁ ဥ
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း (ကြက်သား နယ်ရန်သာ)

  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သွန်နီကို အခွံခွာပြီး ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူနှင့် ဂျင်းကိုတော့ ပါးပါးလှီးပြီးနောက် နုပ်နုပ်စဉ်းထားလိုက်ပါ။

၂။ ကြက်သားကို အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားထားပြီးနောက် မလိုအပ်သောအဆီပိုများကိုပါ ဖယ်ထုတ်ထားပါ။

၃။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်သား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးအနှစ်၊ နှမ်းဆီ၊ ဆန်ရှာလကာရည်၊ သကြားညိုနှင့် ပဲငံပြာရည်တို့ကို သမအောင် နယ်ဖတ်ထားလိုက်ပါ။

၄။ ထို့နောက် ကြက်သွန်နီထည့်ကာ သမအောင် နယ်ပြီးတဲ့နောက်မှာ အနည်းဆုံး ၂ နာရီခန့် နှပ်ထားရပါမယ်။ တစ်ညလောက် သိပ်ထားမယ်ဆိုရင်လည်း ရပါတယ်။

၅။ နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးကို အပူပေးပြီးနောက် ကြက်သားတုံးများကို ၅ မိနစ်၊ ၈ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။ အခြားတစ်ဖက်သို့ လှန်ကာ နောက်ထပ် ၅ မိနစ်ခန့် ကြော်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ကြက်သားစပ်စပ်လေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Kitchenbowl.com