အားလုံးပဲ မင်္ဂလာပါ။ ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယား ဝက်သားကင်အစပ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၁ ပေါင်
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း

  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ငရုတ်သီးအနှစ်၊ ငရုတ်သီးမှုန့်၊ ပဲငံပြာရည်၊ ဆန်ဝိုင်၊ သကြား၊ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေ ထားလိုက်ပါ။

၂။ ဝက်သားကို နှစ်လက်မအရွယ် လှီးဖြတ်ထားလိုက်ပါ။ ထို့နောက် ဝက်သားကို ကြက်သွန်နီ၊ ကြက်သွန်မြိတ်တို့ဖြင့် သမအောင် နယ်ပါ။

ထို့နောက် စောစောက နယ်ထားသော ငရုတ်နှစ်အရောအနှောများဖြင့် သမအောင် ထပ်နယ်လိုက်ပါ။ ထိုဝက်သားကို အနည်းဆုံး တစ်နာရီခန့် နှပ်ထားရပါမယ်။

၃။ သတ်မှတ်ချိန်ပြည့်အောင် နှပ်ပြီးတဲ့နောက်မှာတော့ အကင်ဒယ်အိုး (သို့) ရိုးရိုးဒယ်အိုးကို အပူပေးပါ။ ထို့နောက် ဝက်သားများထည့်ကာ အသားကျက်သွားသည်အထိ သုံးမိနစ်ခန့် ကင်ပေးလိုက်ပါ။ ဝက်သားနှစ်ဖက်ခြမ်းစလုံးကို ကင်ပေးဖို့လိုအပ်ပါတယ်။

အားလုံး ကင်ပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ဝက်သား သုံးထပ်သားကင်အစပ်လေး ရရှိသွားပါပြီ။

Source: Koreanbapsang.com