အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ကိုရီးယားအစားအစာကြိုက်နှစ်သက်သူများအတွက် လျှာလည်သွားစေမယ့် ဝက်သားအစပ်ချက်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ဝ.၇၅ ပေါင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးနှစ် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇါန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ပျားရည် (သို့) သကြားညို စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားများကို ပါးပါးလှီးထားလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ဝက်သားထည့်ပါ။ ကြက်သွန်မြိတ်၊ ငရုတ်နှစ်၊ ငရုတ်သီးမှုန့်၊ ပဲငံပြာရည်၊ ဆန်ဝိုင်၊ ပျားရည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် အနည်းငယ် ၁၀ မိနစ်မှ အများဆုံး ၁ နာရီအထိ နှပ်ထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး နှမ်းဆီ ထည့်ပါ။

၄။ ဆီပူလာပါက နှပ်ထားသော ဝက်သားများထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ပန်းကန်ပြားတစ်ချပ်ပေါ်တွင် ဆလပ်ရွက်လေး ခင်းထားပြီးနောက် ဝက်သားများထည့်ပါ။ နှမ်းစေ့အနည်းငယ် ဖြူးထည့်ပြီး အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ဝက်သားအစပ်ချက်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Livelearndream.com