အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဟင်းသီးဟင်းရွက်များနဲ့ ရောနှော ချက်ပြုတ်ထားတဲ့ ဝက်သား သုံးထပ်သားကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၈၀၀ ဂရမ် (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၄ ဇွန်း၊ ပဲငံပြာရည်ဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်းခွဲနှင့် သကြား စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပန်းသီး ၆၀ ဂရမ် (ဖျော်စက်ထဲထည့်ကာ အနှစ်ရအောင် ပြုလုပ်ထားပါ)

  • ကြက်သွန်နီ ၆၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • မုန်လာဥနီ ၁၀၀ ဂရမ်နှင့် ဂေါ်ဖီထုပ် ၁၀၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ကိုရီးယား ဆန်မှုန့် ၁၁၀ ဂရမ် (ရေနွေးထဲတွင် ၁၀ မိနစ်၊ မိနစ် ၂၀ ခန့် စိမ်ထားလိုက်ပါ)
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဝက်သား သုံးထပ်သားများထည့်ပါ။ ထို့နောက် ငရုတ်သီးအနှစ်၊ ပဲငံပြာရည်ဆော့စ်၊ သကြား၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆန်ဝိုင်၊ ငရုတ်သီးမှုန့်၊ ပန်းသီး၊ ကြက်သွန်နီနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောနယ်ထားပါ။

ထို့နောက် အနည်းဆုံး မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။ (ရေခဲသေတ္တာထဲ ထည့်ပြီး တစ်ညတာခန့် စိမ်ထားလည်း ရပါတယ်)

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက နှပ်ထားသော ဝက်သားများ၊ မုန်လာဥနီ၊ ဂေါ်ဖီနှင့် ဆန်မုန့်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၃။ နှံ့စပ်အောင် ကြော်ပြီးနောက် ဝက်သားလည်း ကျက်သွားပြီဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ဝက်သား သုံးထပ်သားဟင်းလျာလေး ရရှိသွားပါပြီ။

ထမင်းပူပူလေးနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Mykoreankitchen.com