ကြက်ဥကြော်၊ ကြက်ဥဟင်းချည်းပဲ လုပ်စားရတာ ငြီးငွေ့နေလောက်ပြီပေါ့နော်။ ဒါဆိုရင်တော့ ကြက်ဥကို အရသာရှိရှိ ပေါင်းစားကြည့်ကြရအောင်။ ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအနေနဲ့လည်း အခုဖော်ပြပေးမယ့် ကြက်ဥပေါင်းဟင်းကို ကြိုက်နှစ်သက်မယ်လို့ အာမခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုရီးယားစတိုင်လ် ချက်ပြုတ်နည်းနဲ့ ပေါင်းထားလို့ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၅ လုံး
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ရေ စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ရေ စားပွဲတင်ဇွန်း ၁၂ ဇွန်းထည့်ပါ။ ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး မီးပြင်းပြင်းဖြင့် ပွက်ပွက်ဆူလာအောင် အပူပေးပါ။

၂။ ကြက်ဥ ၅ လုံးကို ပန်းကန်လုံးတစ်လုံးထဲသို့ ဖောက်ထည့်ပြီးနောက် သမအောင် ခပ်ပြင်းပြင်းလေး မွှေခလောက်လိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်များ ထည့်ပြီး သမအောင် ရောမွှေပါ။

၃။ မွှေခလောက်ထားသော ကြက်ဥများကို ပွက်ပွက်ဆူနေသော ရေထဲသို့ ထည့်ပါ။ ထို့နောက် မီးအပူချိန်ကို အလယ်အလတ်အပူချိန်သို့ လျော့ချလိုက်ပါ။

၄။ ထို့နောက် သစ်သားဇွန်းဖြင့် ကြက်ဥများကို မွှေပေးလိုက်ပါ။ တဖြည်းဖြည်းနဲ့ ကြက်ဥအရည်များက ကြက်ဥအဖတ်အဖြစ်သို့ ပြောင်းသွားတဲ့အခါ အိုးအဖုံးအုပ်ပြီး ၂ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ (၂) မိနစ်ပြည့်တဲ့အခါမှာတော့ မီးဖိုပေါ်ကချပြီး ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့် နှမ်းဆီအနည်းငယ် ထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥပေါင်းဟင်းလေး ရရှိသွားပါပြီ။

Source: Futuredish.com