အားလုံးပဲမင်္ဂလာပါနော်။ ဒီအတိုင်းစားလို့လည်းကောင်းတယ်။ ထမင်းနဲ့လည်း စားလို့ရတဲ့ ကိုရီးယား ကြက်ဥပေါင်းပူပူလေး လုပ်စားကြရအောင်ပါ။

ပါဝင်ပစ္စည်း

  • ကြက်ဥ ၄ လုံး
  • ရေ ၁ ခွက်
  • ဆားအနည်းငယ်
  • ကြက်သွန်မြိတ်အနည်းငယ်

ပြုလုပ်နည်း


အရင်ဆုံးကြက်ဥကို ခလောက်လိုက်ပါ။

ပြီးရင်တော့ ဇကာလေးနဲ့ဆစ်ပေးလိုက်ပါ။

ဆီနည်းနည်းလေးထည့်မယ်။ ပြီးရင် ရေထည့် ဆားထည့်ပြီးမွှေလိုက်ပါ။

ပြီးရင်တော့ အိုးထဲကို ရေထည့်ပြီး ဆူအောင်တည်လိုက်ပါ။ အပူခံနိုင်တဲ့ ပန်းကန် (သို့)ခွက်ထဲ ကြက်ဥထည့်လိုက်ပြီး ပေါင်းပေးလိုက်ပါ။ ၆-၇ မိနစ်ခန့်ပေါင်းပေးပါ။ ပြီးရင်တော့ အပေါ်ကနေ ကြက်သွန်မြိတ်ဖြူးပေးလိုက်ပြီး ၂ မိနစ် ၃ မိနစ်လောက်ထပ်ပေါင်းပေးလိုက်ပါ။

Photo: www.koreanbapsang.com

By: MyFood Myanmar