အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ Japchae လို့ခေါ်တဲ့ ကိုရီးယား အစားအစာတစ်မျိုးဖြစ်တဲ့ ခေါက်ဆွဲကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ကိုးရီးယား (Dangmyeon) ခေါက်ဆွဲ ၁၇၀ ဂရမ်
- မုန်လာဥနီ ၁ လုံး
- ကြက်သွန်နီအသေး ၁ လုံး
- ကြက်သွန်မြိတ် ၂ ပင်
- အမဲသား ၁၁၀ ဂရမ်
- မှိုအခြောက် ၄ ခု မှ ၅ ခုအထိ (ပွလာတဲ့အထိ ရေစိမ်ထားလိုက်ပါ)
- ဟင်းနုနွင်ရွက်အနည်းငယ်
- ဆီ
- ဆား နဲ့ ငရုတ်ကောင်းမှုန့်
ဆော့လ်လုပ်ရန်
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
- သကြား စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
- နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူတောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နှမ်းလှော်အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ဆော့လ်တွေကို ရောလိုက်ပါ။ သကြားအရည်ပျော်သွားတဲ့အထိမွှေပေးပါ။
အသီးအရွက်တွေကိုလှီးလိုက်ပါ။
အမဲသားကိုလည်းလှီးလိုက်ပြီး ဆော့လ်စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရောလိုက်ပါ။ မှိုကိုလည်း လှီလိုက်ပါ ပြီးရင်တော့ ဆော့လ်စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရောလိုက်ပါ။
ဟင်းနုနွင်ရွက်ကိုပြုတ်လိုက်ပြီး ရေအေးနဲပဆေးလိုက်ပါ။ ရေတွေကိုညှစ်ထုတ်လိုက်ပြီး ဆား ၊ ငရုတ်ကောင်းမှုန့်တို့နဲ့ တို့နဲ့နယ်လိုက်ပါ။
ရေကိုဆူအောင်သည်လိုက်ပြီး ခေါက်ဆွဲထည့်လိုက်ပါ။ ၆ မိနစ်လောက်ပြုတ်ပါ။ ပြီးရင်ရေအေးအေးနဲ့ဆေးလိုက်ပါ။
ခေါက်ဆွဲကို လှီးဖြတ်လိုက်လို့ရပါတယ်။ ပြီးရင်တော့ ဆော့လ် စားပွဲတင်ဇွန်း ၂ ဇွန်းကိုထည့်ပြီး နယ်ပေးလိုက်ပါ။
ပြီးရင်တော့ အရင်ဆုံး ၄ မိနစ်လောက် အိုးပူတိုက်ပေးလိုက်ပါ။
ဆီထည့်လိုက်ပြီး အသီးအရွက်တွေအရင်ကြော်ပါ။
အသားကိုလည်း အိုးအသန့်တစ်ခုနဲ့ကြော်ပါ။ မှိုလည်းထည့်ကြော်ပါ။
ကျန်တဲ့ဆောလ့်တွေကိုနဲ့ တခြားပါဝင်ပစ္စည်းတွေအားလုံး အတူတူရောလိုက်ပြီး နယ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ သုံးဆောင်လို့ရပါပြီနော်။
Source: www.koreanbapsang.com
By: MyFood Myanmar