အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပုစွန်ချစ်သူများအတွက် ကြွပ်ရွတဲ့ ပုစွန်အကြွပ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁၅ ကောင်
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဂျုံမှုန့် ၆၀ ဂရမ်
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ပေါင်မုန့်အကြေအစများ ၁၈၀ ဂရမ်

  • ကြက်သွန်ဖြူအမှုန့်နှင့် ကြက်သွန်နီအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြော်ရန်ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို စင်ကြယ်အောင် ရေဖြင့် ဆေးကြောပြီးနောက် မျက်လုံး၊ အမြီးနှင့် ချွန်ထက်သောအစိတ်အပိုင်းများကို ဖယ်ရှားထားပါ။ ထို့နောက် ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၂။ ဂျုံမှုန့်၊ ကြက်ဥနှင့် ပေါင်မုန့်အကြေအစတို့ကို ပန်းကန်လုံး သုံးလုံးစီတွင် သပ်သပ်စီခွဲထည့်ထားပါ။

၃။ တစ်ဖန် ကြက်သွန်ဖြူအမှုန့်၊ ကြက်သွန်နီအမှုန့်၊ ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်တို့ကို ထိုပန်းကန်လုံးသုံးလုံးစီတွင် အညီအမျှခွဲထည့်ကာ သမအောင် ရောမွှေထားပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်စီလည်း ထည့်ဖို့လိုအပ်ပါတယ်။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ပုစွန်ကို ဂျုံမှုန့်ဖြင့် အရင်ကပ်ပါ။ ထို့နောက် ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ပြီးရင်တော့ ပေါင်မုန့်ဖြင့် ထပ်ကပ်ပေးလိုက်ပါ။ ထို့နောက် ဆီပူပူထဲထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

၅။ ကျန်ရှိနေသောပုစွန်များအားလုံးကိုလည်း ထိုနည်းအတိုင်း ကြော်ပေးရပါမယ်။ ပုစွန်က ရွှေညိုရောင်ပြောင်းသွားတဲ့အခါ ပန်းကန်ထဲသို့ ပြောင်းထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ ပုစွန်အကြွပ်ကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source : Seonkyounglongest.com