အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ သစ်သီးဝလံ ကြိုက်နှစ်သက်သူများအတွက် ဆွေမျိုးမေ့သွားစေမယ့် သစ်သီးသုပ် အချိုပွဲလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • စပျစ်သီးအကြီး ၈ လုံး
  • စပျစ်သီးအခြောက် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သစ်တော်သီး ၁ လုံး
  • ပန်းသီး ၁ လုံး
  • တည်သီး ၁ လုံး

  • ကြက်ဥပြုတ် ၂ လုံး
  • မြေပဲ စားပွဲတင်ဇွန်း ၄ ဇွန်း
  • သခွားသီး ၁ လုံး
  • မိရောနိစ် စားပွဲတင်ဇွန်း ၅ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သစ်တော်သီးကို အခွံခွာပြီးနောက် လေးထောင့်အတုံးငယ် တုံးပါ။ ပန်းသီးကိုလည်း အခွံခွာပြီး အတုံးငယ် တုံးထားပါ။ သခွားသီးကိုတော့ လက်မဝက်ပတ်လည် အတုံးတုံးထားပါ။ တည်သီးကိုလည်း အခွံခွာပြီး လေးထောင့်အတုံးငယ် တုံးထားပါ။

၂။ ထို့နောက် ဇလုံအကြီးတစ်လုံးထဲတွင် သခွားသီး၊ စပျစ်သီး၊ စပျစ်သီးခြောက်၊ တည်သီး၊ သစ်တော်သီး၊ ပန်းသီးနှင့် မြေပဲတို့ထည့်ပါ။

၃။ ကြက်ဥပြုတ် ၁ လုံးကိုတော့ အခွံခွာပြီး ဇလုံထဲသို့ လှီးထည့်လိုက်ပါ။ ကျန်တစ်လုံးကိုတော့ ကြက်ဥအကာနှင့် အနှစ်တို့ကို သပ်သပ်စီခွဲပြီး ကြက်ဥအကာကို ဇလုံထဲသို့ ထည့်လိုက်ပါ။

၄။ ထို့နောက် ဇလုံထဲသို့ မိရောနိစ်ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

ရရှိလာတဲ့ သစ်သီးသုပ်ကို အချိုပန်းကန်လုံးထဲ ထည့်ပြီးနောက် စောစောကဖယ်ထားသော ကြက်ဥအနှစ်ကို အပေါ်ကနေ ချေထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သစ်သီးသုပ်အချိုပွဲလေး ရရှိသွားပါပြီ။

Source: Maangchi.com