အားလုံးပဲ မင်္ဂလာပါ။ ရှူးရှူးရှဲရှဲဟင်းလျာစပ်စပ်လေးကိုမှ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ လျှာလည်သွားစေမယ့် ဝက်သား ပဲပြားအစပ်ဟင်း ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဝက်သား (သို့) ကြက်သား (သို့) အမဲသား ၈ အောင်စ (လက်မဝက်ပတ်လည် အတုံးငယ် တုံးထားပါ)
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ကြက်သွန်နီ ၁ ဥ (လက်မဝက်ပတ်လည် အတုံး တုံးထားပါ)နှင့် ကြက်သွန်မြိတ် ၈ ပင် (လက်မဝက်အရှည် လှီးဖြတ်ထားပါ)
  • ငရုတ်သီးတောင့် ၂ တောင့် (ပါးပါးလှီးပါ)နှင့် ငရုတ်နှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ပြုတ်ရည် (သို့) အမဲပြုတ်ရည် (စားပွဲတင်ဇွန်း ၂၀ ဇွန်း)
  • ပဲပြား ၁ ပေါင် (လက်မဝက်ပတ်လည် အတုံး တုံးထားပါ)
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဟင်းသီးဟင်းရွက်ဆီ ထည့်ပါ။ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် ဆီသတ်ပါ။

၂။ ထို့နောက် ဝက်သား (သို့) အမဲသား (သို့) ကြက်သားထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။

၃။ ငရုတ်သီးမှုန့်ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပါ။

၄။ ကြက်သွန်မြိတ်၊ ငရုတ်သီးတောင့်နှင့် ကြက်သွန်နီတို့ထည့်ကာ ၁ မိနစ်ခန့် ကြော်ပါ။

၅။ ပဲငံပြာရည်နှင့် ငရုတ်နှစ်တို့ထည့်ပါ။

၆။ ကြက်ပြုတ်ရည် (သို့) အမဲပြုတ်ရည်ထည့်ကာ ၂ မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။ (ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၄ ဇွန်းခန့် ချန်ထားပါ)

၇။ ထို့နောက် ပဲပြားအတုံးလေးများထည့်ကာ ပဲပြားများ မကြေသွားစေဘဲ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပေးရပါမယ်။

၈။ ပဲပြားကြော်နေစဉ်မှာ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပြောင်းမှုန့်နှင့် ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၄ ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ပဲပြားအိုးထဲထည့်ကာ မွှေကြော်ပေးလိုက်ပါ။

၇။ ပဲပြားဟင်းအနှစ်များ ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ နှမ်းဆီများထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Maangchi.com