အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကမာ ကြိုက်တဲ့သူတွေအတွက် ကမာကြော်ကြွပ်ကြွပ်လေး ကြော်စားလို့ရအောင် မျှဝေပေးသွားမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
- ကမာ ၈ ကောင်
- မုန်လာဥနီ တစ်ခြမ်း
- ကြက်သွန်မြိတ် ၁ ပင်
- မှို အနည်းငယ်
- ဂျုံမှုန့် ၁ ခွက်
- ကော်မှုန့် အနည်းငယ်
- ပွဆေး (Baking Soda) အနည်းငယ်
- ဆီ
ဆော့စ်လုပ်ရန်
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့် အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ကမာကောင်ကို ရေဆေးလိုက်ပါ။ ဆားနဲ့ သေချာနယ်ပြီး ဆေးပေးပါ။
ပါဝင်ပစ္စည်းတွေကို လှီးလိုက်ပါ။
ခွက်အကြီးထဲမှာ ဂျုံ၊ ပွဆေး၊ ကော်မှုန့် တို့ကိုထည့်ပြီး ရေအေး အနေတော်ထည့်ကာ မွေလိုက်ပါ။
ပါဝင်ပစ္စည်းတွေကိုလည်း ထည့်လိုက်ပါ။
ပြီးရင်တော့ ဆီပူပူနဲ့ ထည့်ကြော်ပေးလိုက်ပါ။
တစ်ဖက်ကို ၂ မိနစ်စီ ကြော်ပါ။ ရွှေညိုရောင်သန်းလာရင် ရပါပြီနော်။
Source: www.koreanbapsang.com
By: MyFood Myanmar