အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကမာ ကြိုက်တဲ့သူတွေအတွက် ကမာကြော်ကြွပ်ကြွပ်လေး ကြော်စားလို့ရအောင် မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ကမာ ၈ ကောင်
  • မုန်လာဥနီ တစ်ခြမ်း
  • ကြက်သွန်မြိတ် ၁ ပင်
  • မှို အနည်းငယ်

  • ဂျုံမှုန့် ၁ ခွက်
  • ကော်မှုန့် အနည်းငယ်
  • ပွဆေး (Baking Soda) အနည်းငယ်
  • ဆီ

ဆော့စ်လုပ်ရန်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့် အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကမာကောင်ကို ရေဆေးလိုက်ပါ။ ဆားနဲ့ သေချာနယ်ပြီး ဆေးပေးပါ။

ပါဝင်ပစ္စည်းတွေကို လှီးလိုက်ပါ။

ခွက်အကြီးထဲမှာ ဂျုံ၊ ပွဆေး၊ ကော်မှုန့် တို့ကိုထည့်ပြီး ရေအေး အနေတော်ထည့်ကာ မွေလိုက်ပါ။

ပါဝင်ပစ္စည်းတွေကိုလည်း ထည့်လိုက်ပါ။

ပြီးရင်တော့ ဆီပူပူနဲ့ ထည့်ကြော်ပေးလိုက်ပါ။

တစ်ဖက်ကို ၂ မိနစ်စီ ကြော်ပါ။ ရွှေညိုရောင်သန်းလာရင် ရပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar