ကိုရီးယားအစားအစာတွေရဲ့ အားသာချက်တစ်ခုကတော့ ဆီ သိပ်မသုံးဘဲ ချက်ပြုတ်ကြတာပါ။ ဆီသုံးနည်းတဲ့အတွက်ကြောင့် အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း အစရှိတဲ့ နာတာရှည်ရောဂါတွေကို ကြိုတင်ကာကွယ်တားဆီးရာရောက်ပါတယ်။

အခုဖော်ပြပေးမယ့် နှမ်းကပ် ဝက်သုံးထပ်သားကြော်ရာမှာလည်း ဆီကို စားပွဲတင်ဇွန်း ၁ ဇွန်းသာ အသုံးပြုသွားမှာပါ။ ဒါ့အပြင် ထိုကဲ့သို့သုံးရာမှာလည်း ကြော်ဖို့အတွက်မဟုတ်ဘဲ ဝက်သားကို နယ်ဖတ်ဖို့အတွက်သာ အသုံးပြုသွားမှာပါ။ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ချက်ပြုတ်နည်းအဆင့်ဆင့်ကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း တစ်ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဝက်သား သုံးထပ်သား ဝ.၅ ပေါင်
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • လှော်ပြီးသား နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သုံးထပ်သားကို ပါးပါးလှီးထားပါ။

၂။ ထို့နောက် ဝက်သုံးထပ်သားကို ပန်းကန်လုံးအကြီးထဲထည့်ကာ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအနှစ်၊ ပျားရည်၊ ပဲငံပြာရည်၊ နှမ်းဆီ၊ နှမ်းစေ့တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။ ပြီးရင်တော့ မိနစ် ၂၀ ခန့် နှပ်ထားရပါမယ်။

၃။ ဒယ်အိုးကို အလယ်အလတ်မီးအပူချိန်ပေးပြီး အပူပေးထားလိုက်ပါ။ အိုးပူလာပါက ဝက်သားပြားများကို ဒယ်အိုးထဲထည့်ကာ တစ်ခြမ်းကို ၄ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပေးရပါမယ်။

၄။ ဝက်သုံးထပ်သား နှစ်ဖက်စလုံးကြော်ပြီးသွားပါက ပန်းကန်ပြားထဲပြောင်းထည့်ကာ နံနံပင် (သို့) ကြက်သွန်မြိတ် မိမိကြိုက်နှစ်သက်ရာ တစ်မျိုးမျိုးဖြင့် အလှဆင်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source : Spicetheplate.com