အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကိုရီးယားစတိုင်လ် ဝက်အူချောင်းကြော်မွှေးမွှေးလေး ဘယ်လိုကြော်စားရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။ အသီးအရွက်လေးတွေနဲ့ ရောပြီးကြော်ပေးမယ်ဆိုရင်တော့ အရသာလည်းရှိပြီး ထမင်းမြိန်စေမှာသေချာပါတယ်။
ပါဝင်ပစ္စည်း
- ဝက်အူချောင်း
- ငရုတ်ပွသီးအနည်းငယ်
- ကြက်သွန်နီအနည်းငယ်
- ဟင်းချက်ဆီ
ဆော့စ်လုပ်ရန်
- ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်း
- ပဲငံပြာရည်အနည်းငယ်
- သကြားအနည်းငယ်
- (အဲဒီပါဝင်ပစ္စည်းတွေကိုရောလိုက်ပါ)
ပြုလုပ်နည်း
အိုးထဲကို ဆီလေးနည်းနည်းထည့်ပြီး ဝက်အူချောင်းကိုထည့်ပြီး ကြော်ပေးပါ။ တစ်ဝက်လောက်ကျက်ပြီဆိုရင်တော့ ကျန်တဲ့အသီးအရွက်တွေကိုထည့်လိုက်ပါ။
ကျက်ခါနီးရင်တော့ ဆော့စ်ကို ထည့်ပေးပါ။
အနံ့မွှေးစေဖို့ နှမ်းနည်းနည်းဖြူပေးလိုက်ပါ။
Source: mykoreankitchen.com
By: MyFood Myanmar