မင်္ဂလာပါ။ ကြက်အူချောင်းသေးသေးလေးတွေကို ကိုရီးယားတွေစားနေကျအတိုင်း အနှစ်ရွှဲရွှဲ၊ ဟင်းသီးဟင်းရွက်တွေနဲ့အတူ ကြော်စားကြည့်ရအောင်။ ကိုရီးယားနိုင်ငံမှာဆိုရင် နေ့လည်စာထမင်းဘူးတွေမှာ အများစုပါနေကျ အရံဟင်းတစ်ခုလို့လည်း ပြောနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်အူချောင်း ၂၀၀ ဂရမ်
- ငရုတ်ပွသီး ၇၀ ဂရမ် (ပါးပါးလှီး)
- ကြက်သွန်နီ ၄၀ ဂရမ် (ပါးပါးလှီး)
- ဆီ
အနှစ်အတွက်
- ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်
- သကြား စားပွဲတင်ဇွန်း တစ်ဝက်
(ထိုပါဝင်ပစ္စည်းများကို ပန်းကန်လုံးတစ်ခုထဲမှာ ရောမွှေလိုက်ပါ)
ပြင်ဆင်ပြုလုပ်ပုံ
၁။ အပူပေးထားတဲ့ လက်ကိုင်တပ်ဒယ်အိုးတစ်ခုထဲမှာ ဆီထည့်လိုက်ပြီး မီးခပ်ပြင်းပြင်းနဲ့ ကြက်အူချောင်းများကို ကြော်ပေးလိုက်ပါ။ ကြက်အူချောင်းတွေ တစ်ဝက်လောက်ကျက်သွားတဲ့အထိပဲ ကြော်ပေးပါ။
၂။ ငရုတ်ပွသီးများနှင့် ကြက်သွန်နီတွေကို ထည့်လိုက်ပြီး နွမ်းသွားတဲ့အထိ ၂ မိနစ်လောက်ကြော်ပေးပါ။
၃။ မီးကိုအနေတော်ကို ပြန်လျော့လိုက်ပြီး ပြင်ဆင်ပြီးသား အနှစ်တွေကိုလောင်းထည့်လိုက်ပါ။ ပြီးရင် နှံ့သွားအောင်လို့ ၁ မိနစ်ခန့်မွှေပေးကာ ဒယ်အိုးကို မီးဖိုပေါ်မှ ချလိုက်ပါ။
ထမင်းပူပူလေးနဲ့ စားပေးမယ်ဆိုရင် အင်မတန်ကို အရသာရှိပါတယ်။
Source: mykoreankitchen.com