အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကိုရီးယားစတိုင်လ် ဝက်အူချောင်းကြော်မွှေးမွှေးလေး ဘယ်လိုကြော်စားရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။ အသီးအရွက်လေးတွေနဲ့ ရောပြီးကြော်ပေးမယ်ဆိုရင်တော့ အရသာလည်းရှိပြီး ထမင်းမြိန်စေမှာသေချာပါတယ်။

ပါဝင်ပစ္စည်း

  • ဝက်အူချောင်း
  • ငရုတ်ပွသီးအနည်းငယ်
  • ကြက်သွန်နီအနည်းငယ်
  • ဟင်းချက်ဆီ

ဆော့စ်လုပ်ရန်

  • ခရမ်းချဉ်သီးဆော့စ်  စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အနည်းငယ်
  • သကြားအနည်းငယ်
  • (အဲဒီပါဝင်ပစ္စည်းတွေကိုရောလိုက်ပါ)

ပြုလုပ်နည်း

အိုးထဲကို ဆီလေးနည်းနည်းထည့်ပြီး ဝက်အူချောင်းကိုထည့်ပြီး ကြော်ပေးပါ။ တစ်ဝက်လောက်ကျက်ပြီဆိုရင်တော့ ကျန်တဲ့အသီးအရွက်တွေကိုထည့်လိုက်ပါ။

ကျက်ခါနီးရင်တော့ ဆော့စ်ကို ထည့်ပေးပါ။

အနံ့မွှေးစေဖို့ နှမ်းနည်းနည်းဖြူပေးလိုက်ပါ။

Source: mykoreankitchen.com

By: MyFood Myanmar